Part-3

15.6K 1.2K 80
                                    

'ဝါး......'

တံခါးဖွင့်​ဖွင့်​ချင်းမှာပင်​ မြင်​လိုက်​ရ​သောအခန်းအပြင်​အဆင်​​ကြောင့်​ Baekပါးစပ်​​လေးအ​ဟောင်းသားဖြင့်​...

Baek​ကျောပိုးအိတ်​​လေးကိုပစ်​ချပီး မှန်​​တေဖြင့်​သာ ကာရံထား​သော နံရံဘက်​ကို အ​ပြေးလွှားသွားကြည့်​မိသည်​...

'ဝါး...ဝါး...ဝါးးး '

'Yarrrr!!!တိတ်​တိတ်​မ​နေနိုင်​ဘူးလား....ဆူညံ​နေတာပဲ'

အ​နောက်​မှ ဝင်​လာ​သော Chanyeolဆီမှ အ​ဟောက်​ခံလိုက်​ရ၍ Baekနှုတ်​​ခမ်း​လေးစူလိုက်​ပြီး ပွစိပွစိလုပ်​ကာ မျက်​​စောင်းထိုးရင်း Jeju၏ ညအလှရှုခင်းကိုသာ အငမ်းမရဆက်​ကြည့်​​နေလိုက်​သည်​...

ခုချိန်​ရန်​ဖက်​ဖြစ်​ပီး နပန်းထလုံးရင်​ ခံရမှာက သူမှတ်​လား....

'ဝါး....အရမ်းလှတာပဲ'

'​​တော်​​တော်​ထူးဆန်းတာကိုး...မင်းအရင်​ကမ​ရောက်​ဖူးလို့လား'

'Omm'

ဘေးတွင်​ လာရပ်​ရင်း​မေး​သောChanyeolအ​မေးကို View​တေဆက်​ကြည့်​ရင်းသာ ​ခေါင်းညိတ်​​ဖြေလိုက်​သည်​...

'ခုငါ​ရေအရင်​သွားချိုးမယ်​....မင်းဆက်​ကြည့်​​နေဦး...မနက်​ကျမှ ငါလိုက်​ပို့​ပေးမယ်​'

'Wow...Jinja???Gomawowyo...Chanyeollie..'

လိုက်​​ပို့​ပေးမယ်​​ပြောတာနဲ့ မုန့်​ရ​သွား​သောက​လေးပမာ ထခုန်​​နေလိုက်​တာမှ လက်​ခုပ်​လက်​ဝါးတီးလို့......က​လေးဆန်​ချက်​....

'ကဲ ငါ​ရေသွားချိုး​တော့မယ်​'

Chanyeol​ရေမိုးချိုးပီးထွက်​လာ​တော့ ဟိုအ​ကောင်​​သေး​သေး​လေးက နှစ်​​ယောက်​အိပ်​ကုတင်​ကြီးကို ကန့်​လန့်​ဖြတ်​လို့ ​ခြေကားယားလက်​ကားယားဖြင့်​ ​မှောက်​ခုံကြီး အိပ်​​ပျော်​​နေ​လေရဲ့....

Chanyeolလည်း ​ရေစိုလက်​စ​ခေါင်းကိုသုတ်​ရင်း ကုတင်​နားတိုးကာ ငုံ့ကြည့်​မိ​တော့ ​မှောက်​ခုံကို မျက်​နှာတစ်​ဖက်​​စောင်းအိပ်​​နေသဖြင့်​ ပါးကိုဖိအိပ်​ထားသလိုဖြစ်​​နေ​သော​ကြောင့်​ ​ရှေ့သို့စူ​ထော်​ထွက်​​နေ​သောနှုတ်​ခမ်း​လေးမှာ စ​တော်​ဘယ်​ရီကင်း​လေးလို....

Tom & Jerry's Marriage Where stories live. Discover now