Part-13

14.4K 1.1K 70
                                    

#Tom & Jerry's Marriage👬

'Hyung...Hyung...မ​ပြေးပါနဲ့ Jelpai...'

ကျ​နော်​​ဘေးဘီဝဲယာကို အာရုံမစိုက်​နိုင်​​လောက်​​အောင်​ အ​ရှေ့စူးစူးကို ဦးတည်​​ပြေး​နေတုန်း အ​နောက်​မှ ထွက်​​ပေါ်လာ​သော​ခြေသံများနှင့်​ ​အော်​​ခေါ်သံများ​ကြောင့်​ ​ဘေးဘီဝဲယာလှည့်​ကြည့်​မိ​တော့လည်း လူနှင့်​တူ​သောအရိပ်​အ​ယောင်​ပင်​မ​တွေ့ရ.....

ဒါနဲ့သူပန်းခင်းကြီးထဲကို​ရောက်​​နေတာပဲ.....

သူမမြင်​ခဲ့ဖူး​သော​ရောင်​စုံပန်းပင်​​လေး​တွေရဲ့အလှအပကိုမျက်​စိတဆုံးလိုက်​​ငေး​နေမိပီးမှ ​နောက်​ပြန်​လှည့်​ကြည့်​​တော့ လူနှင့်​တူသည်​ဟူ၍လည်းမ​တွေ့ရ....

ဘယ်​သူ​ခေါ်တာပါလိမ့်​....

Arrr....သရဲများလား....

သူ​​သေချာရှာကြည့်​မိ​တော့လည်း ဘာဆိုဘာမှမ​တွေ့.....သူကြက်​သီးများထလာသလိုခံစားရချိန်​တွင်​...

'Hyung...ကျ​​နော်​Hyung​နောက်​လိုက်​ချင်​လို့'

ထပ်​ထွက်​​ပေါ်လာခဲ့​သော အသံ​သေး​သေးစူးစူး​လေး​ကြောင့်​​အောက်​ငုံ့ကြည့်​​တော့မှသာ ​ထောင်​လျက်​​လေးရှိ​နေ​သောLollipop​လေးတ​ချောင်း....

ဒါဆိုအသံက ဘယ်​ကထွက်​​နေတာပါလိမ့်​....

သူမျက်​​မှောင်​ကြုံ့​ခေါင်း​လေးကုတ်​​နေမိ​တော့...
ထို​ထောင်​လျက်​သား Lollipop​လေးက ​လေ​ပေါ်တဖြည်းဖြည်းနဲ့​မြောက်​တက်​လာသည်​...

သူများအမြင်​မှား​လေသလားလို့​သေချာပွတ်​ကြည့်​​တော့လည်း Lollipopက သူ့မျက်​နှာ​ရှေ့​ရောက်​​နေ​လေပီ....

'Hyung....ကျ​နော်​Hyungကို စားချင်​လို့'

'Borrr???ငါ့ကိုစားမှာ!!!'

Baek သူနားမလည်​လိုက်​​သောLollipopစကားကြောင့်
Baekအံ့သြတကြီးနဲ့ပြန်​​မေး​တော့ မျက်​လုံး​လေး​တေကို​မှေးစဉ်းပြကာ Ommm..တဲ့​လေ...

'Wae???'

'Hyungက ကျ​နော့်​အမျိုး​တွေကို လိုက်​ လိုက်​ စား​နေတာကိုး ...ကျ​နော်​က Hyungကိုပြန်​စားရမှ​ကျေနပ်​မှာ'

Tom & Jerry's Marriage Where stories live. Discover now