Fall In Love With Maknae (2)

3.9K 383 20
                                    

ဖက်နေရင်းက Luhan လဲ Hana ကို ပြန်ဆွဲခွာလိုက်တော့ Hana လဲ ဘုမသိဘမသိ ကြောင်တောင်တောင်ဖြစ်သွားပေမယ့် ပြုံးပြုံးနဲ့ မူမှန်ပါပဲ။ မူမှန်မဟုတ်တော့တာက မတ်တပ်ရပ်စောင့်နေရင်းက သူတို့ဆီ မျက်မှောင်ကြီးကျုံ့ကာ လမ်းလျှောက်လာတဲ့ Sehun ရယ်ပါ။ Luhan လဲ စိတ်ရှုပ်စွာ ခေါင်းကိုကုတ်လိုက်မိတယ်။ အနီးရောက်လာလေ စိုက်ကြည့်နေတဲ့ အကြည့်စူးစူးတွေကြောင့် Luhan လဲ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ချေ။

'' Luhan ပြီးပြီမဟုတ်လား သွားမယ် ''

အနည်းငယ်​တင်းမာ​နေတဲ့အသံနဲ့ ​ပြောပြီး လက်ကိုပိုင်ဆိုးပိုင်နင်းဆွဲကာ ခေါ်သွားတော့ Hana က မျက်လုံးကြီးပြူးကာ Luhan လက်ကို ပြန်ဆွဲရင်း

'' Yar! Luhan ငါနဲ့ ခုမှ​တွေ့ရတာ​လေ တစ်ခုခုသွားစားကြမှာမဟုတ်လား ''

ဖြုန်းဆို နောက်လှည့်ကာ စူးခနဲအကြည့်နဲ့ ကြည့်လိုက်တဲ့ Sehun ကြောင့် Hana အပါအဝင် သူငယ်ချင်းတွေပါ နောက်ကိုဆုတ်သွားကြတယ်။ Hana လဲလန့်​ကာ Luhan ကိုဆွဲထားရာကေ​ယာင်ပြီး​လွှတ်​လိုက်​မိတယ်​။ Luhan ပဲ ကြားကဝင်ကာ

'' Sorry Hana ငါ ညကျမှ နင့်အိမ်လာခဲ့မယ် ခုတော့ ငါ လိုက်သွားမှရမယ် ''

Hana ကတော့ ခေါင်းညှိတ်ပေမယ့် ပိုဆိုးသွားတဲ့သူကတော့ Sehun ပါ။ ဘယ့်နှယ့် အိမ်လာခဲ့မယ်ဆိုပဲ။ Luhan လက်ကိုတင်းကျပ်​စွာဆွဲကာ ကားဆီခေါ်လာခဲ့လိုက်တယ်။ ကားနားရောက်တော့ Sehun လက်ကို Luhan အတင်းရှုန်းကာ

'' လွှတ်ပေးတော့လေဗျာ နာနေပြီဗျ ''

မ​ကျေနပ်​သံ​လေးနဲ့ Luhan ​ပြောမှ Sehun လွှတ်ပေးလိုက်တော့ နီမြန်းနေတဲ့ လက်ကောက်​ဝတ်​​လေးကိုတွေ့လိုက်ရပေမယ့် ကားပေါ်တက်ကာ ကားမောင်းထွက်ခဲ့တယ်။ ကားပေါ်မှာ လက်ကိုပွတ်ကာ နေနေတဲ့ Luhan ကြောင့် Sehun လဲ စိတ်မကောင်းဖြစ်ကာ

'' တော်တော်နာသွားလား ''

'' လုပ်တုန်းကလုပ်ပြီး ခုမှလာမေးနေရလား ဘယ်လိုလူကြီးမှန်းမသိဘူး ''

Sehun ကို တစ်ချက်မှလှည့်မကြည့်ပဲ နှုတ်ခမ်းစူကာပြောနေတဲ့ Luhan ကို Sehun လက်မြှောက်ရပြီလေ။ လုပ်ချင်ရာ လုပ်ထားတဲ့သူက ကျွန်တော့်ကိုပဲ ပြန်စိတ်ဆိုးနေပြန်ြပီ မဟုတ်လား။ ကားလေးကို ကျွန်တော်တို့ ပထမဆုံးဆုံတွေ့ခဲ့တဲ့ ဟန်မြစ်ဘေးမှာပဲရပ်လိုက်တော့ Luhan က အရင် ဆင်းသွားတာမို့ Sehun နောက်ကနေ လိုက်လာလိုက်တယ်။ တဖြူးဖြူးတိုက်နေတဲ့ လေညှင်းတွေအကူအညီနဲ့ Luhan ရဲ့ မတိုမရှည် ရွှေအိုရောင်ဆံပင်လေးတွေက အငြိမ်မနေပဲ ဆော့ပြေးနေလေတယ်။ အရပ်​မပု​ပေမယ့်​ သူနဲ့ယှဉ်​ရင်​ ချစ်စဖွယ် ခန္ဓာကိုယ်သေးသေးလေးရယ် နို့နှစ်ရောင် အသားအရည်တို့ ပေါင်းစပ်ဖြစ်တည်နေတဲ့ ရှေ့က ကောင်လေးကို မြတ်နိုးစိတ်နဲ့ Sehun နောက်ကနေ ဖက်ထားလိုက်မိတယ်။ မထင်ထားတာမို့ အလန့်တကြားနဲ့ Luhan ကိုယ်လေး အနည်းငယ်​ရုန်းလာတယ်။ ရုန်းလို့မရ​အောင်​ ပိုလို့ပိုလို့ တိုးဖက်လိုက်တော့မှ လက်လျော့ကာ ငြိမ်နေပြန်တယ်လေ။

Fall In Love With Maknae Where stories live. Discover now