Fall In Love With Maknae (5)

2.9K 367 13
                                    

ဒီ​နေ့​တော့အလှည့်​ကျရာ ​ယောက်​ဖဆရာဝန်​​ဆီ ​ရောက်​​နေပြီမို့ ကာထားတဲ့ လိုက်​ကာ​လေးဖယ်​ကာ ဆရာဝန်​အခန်း​လေးထဲ ​ခေါင်းပြူကြည့်​ပြီး

" Hyung ကျွန်တော်ရောက်နေတယ် အလုပ်ရှုပ်နေလားဟင် "

ရယ်ကျဲကျဲဖြင့် ​မေးလိုက်​တဲ့ Sehun ကိုမြင်​​တော့ Suho Hyung မျက်​​မှောင်​ကြီးကျုံ့သွားကာ

" မရှုပ်ပါဘူး ခဏထိုင်နေ လာခဲ့မယ် "

အလုပ်ရှုပ်တာမဟုတ်ပဲ လူက ရှိကိုမရှိတာမို့ Nurse မ တောင် အိပ်ငိုက်နေတာ​ လာတည်းက​တွေ့ပြီးသား​​လေ Sehun ရယ်ချင်ပေမယ့်လည်း အသာပြန်​ထိန်းလိုက်ရင်း ​ကျောခိုင်းထွက်​ဖို့ပြင်​​နေတုန်း

" Sehun နေဦး လာ ဒီထဲဝင်လာခဲ့ "

သူ့အခန်းထဲ ၀င်လာဖို့ လက်ယပ်ခေါ်နေတဲ့ Suho ကို Sehun လဲ အံ့သြသွားမိတယ်လေ။ ဧည့်သည်တွေဘာတွေတွေ့တာ ဧည့်ခန်းမှာ လုပ်ရမှာ မဟုတ်လား လူနာစမ်းသပ်​တဲ့အခန်းထဲ ဘာလုပ်​ရမှာပါလိမ့်

" Nae ? ဘာလုပ်မလို့လဲ Hyung အပြင်ထွက်လာခဲ့ပါလား အခန်းထဲဆိုတော့ အနေရခက်နေမလားလို့ပါ "

" လာခဲ့ပါဆို ငါ လုပ်စရာလေးရှိလို့ "

Sehun လဲ ပြောမရတာနဲ့ အူကြောင်ကြောင်​လေး ၀င်သွားလိုက်တယ်။ အထဲရောက်သွားတော့ သူ့ရှေ့က လူနာလာရင် ထိုင်တဲ့ ထိုင်ခုံမှာထိုင်ခိုင်းပြန်တယ်။ မသိရင် Sehun ခမျာ ရောဂါလာပြတဲ့သူလိုလို

" မင်း ဘာဖြစ်ဖူးလဲ "

" ဗျာ ? ဘာ..ဘာကိုဖြစ်ဖူးရမှာလဲဟင် "

အစမရှိအဆုံးမရှိမေးလို်က်တဲ့ Suho အမေးကြောင့် Sehun မှာ ရှုးချင်စိတ်ဖြစ်သွားမိကာ စကားတွေပါ ထစ်ကုန်ပြီမဟုတ်လား

" အာ .. ဘာတွေတွေးနေတာလဲ အဲ့လိုပုံက မသင်္ကာစရာကောင်းတယ်။ ဒီလိုလေ လူတိုင်းနီးပါးလောက် ဖျားနာဖူးကြတာပဲ။ အဲ့ထဲမှာ နည်းနည်းပြင်းတဲ့ ရောဂါတွေလဲ ဖြစ်ဖူးကြတယ် မှတ်လား။ ငါမေးတာက မင်းရော အဲ့လို​တွေ ဖြစ်ဖူးလားလို့်မေးတာ။ ဥပမာ လိပ်ခေါင်းတွေ ဘာတွေဖြစ်ဖူးလား "

အိ သေပြီလေ စစချင်းမေးကတည်းက လိပ်ခေါင်းတဲ့။ တွေးမိရင်တောင် ကြက်သီးထစရာမို့

Fall In Love With Maknae Where stories live. Discover now