Love Someone Like You're Eleven

2K 249 10
                                    


"Sehun-ah! ငါတို့ မူလတန်းပြီးတော့မယ်ကွ! မင်းမပျော်ဘူးလား?"

Sehun နှုတ်ခမ်းမှ အပြုံးတုလေးနှင့်ပေါ့။ ကုတင်ပေါ်လှဲလျက် မျက်နှာချပ်ကို မော့ကြည့်လို့ တိတ်ဆိတ်နေတော့သည်လေ။ Luhan သတိထားမိကာမှ သူ့လက်ထဲက ခေါင်းအုံးကို Sehun ဆီ ပစ်ပေါက်ပြီး

"ငါတသက်လုံး ပြန်မလာမှာမှမဟုတ်တာ ဘာဖြစ်နေတာလဲ?"

"ဘာပဲဖြစ်ဖြစ်မင်း ထွက်သွားမှာပဲလေ။ ရပါတယ်လေ... နောက်တော့နေသားကျသွားမှာပါ"

"၁လကြီးတောင် လိုပါသေးတယ်ကွာ... မင်းကြိုက်တာ အကုန်လုပ်ဖို့ အချိန်တွေ အများကြီးကျန်ပါသေးတယ်"

ဒီတစ်ခါမှ Sehun ပြုံးကာနှင့် ထထိုင်ပြီး "ကစားကွင်းသွားမလား?"

Luhan လည်းပြုံးလို့ "Game လည်းသွားဆော့ကြမယ်"

ထို့နောက် တစ်ပြိုင်တည်းနှင့် "ညအတူတူအိပ်ကြမယ်!"

သူငယ်ချင်းနှစ်ယောက် အူလှိမ့်ကာရယ်မောကြရင်း မောလာသည်နှင့်ရပ်လိုက်ကြသည်...

"ငါ့ကို တရုတ်သီချင်း ဆိုပေးမယ့်သူ မရှိတော့ဘူးပေါ့"

"လုပ်ပြန်ပြီ။ ငါ တရုတ်ဘက်ကိုပဲ ပြန်တာပါကွ! မသိရင် ငါသေတော့မယ့်အတိုင်းပဲ" Sehun လက်မောင်းကို သာသာလေးထိုးနှက်လို့ "မေမေက video call ခေါ်လို့ရတယ်တဲ့"

"ဒါပေမယ့်လည်း မင်းငါ့လက်မောင်းကို နောက်ထပ်မထိုးတော့ဘူးလေ"

Sehun ဘက် Luhan လှည့်ပြီး "အဲတာ ဘာမကောင်းစရာရှိလဲ?"

Sehun လည်း ပြန်ကာလှည့်၍ "Arrni... မင်းငါ့အသားကို ဟိုထိုးဒီထိုးလုပ်မှ မင်းငါ့အနားမှာရှိမှန်းသိတာလေ"

"Yaaaa မင်းငါ့ကို သတိရစရာဆိုလို့ အဲတာပဲရှိတာလား? ငါပေးတဲ့ဒဏ်ရာပဲလား?"

"အင်း... တန်းဖိုးရှိတဲ့ ဒဏ်ရာပေါ့"

ဒီလိုနဲ့ တစ်လတိတိကို အတူတူဖြတ်သန်းပြီး မူလတန်းအောင်လတ်မှတ်ပေးတဲ့ အခမ်းအနားသို့ရောက်ရှိလာခဲ့သည်။

စင်ရဲ့အလယ်ဗဟိုမှာ အရူးတစ်ယောက်လိုရပ်ပြီး သူ့ Luhan ကို လူတကာဖတ်နေတာ မျက်နှာဆူပုပ်ပုပ်နှင့်ကြည့်နေလေရဲ့။ တစ်ညလုံး Luhan ကိုဖက်ပြီး အိပ်ခဲ့တယ်ဆိုပေမယ့်လည်း Luhan ကိုသူတစ်ယောက်တည်းပိုင်ချင် ဘယ်သူမှ ဖတ်တာမကြိုက် ဖြစ်နေတာပေါ့။

Love StagesWhere stories live. Discover now