ဝတ္ထုတစ်ပုဒ်ဖတ်နေစဉ်မှ မျက်တောင်ကိုပုတ်ခပ်ရင်း ငေးကြည့်နေတဲ့ချစ်သူကို Luhan မော့ကြည့်လိုက်သည် "ဘာတုန်း?" Sehun ခေါင်းရမ်းလိုက်သည် "အန်? အပိုတွေ ဘာလို့ငေးကြည့်နေတာလဲပြော"
"လှလွန်းလို့ငေးနေတာလေ"
ချစ်သူရဲ့အပြောလေးကြောင့် အသဲယားပြီး နှုတ်ခမ်းကိုက်ကာ ပြန်၍ကြည့်လိုက်သည် "ချစ်သူဖြစ်တာ ၆ နှစ်တောင်ရှိပြီ... အသဲစကားတွေ ပြောဖို့မလိုတော့ဘူးနဲ့တူတယ်"
"အဲ့လိုပြောတာတွေကိုပဲကြိုက်တယ်မလား?" Luhan အနားကို Sehun တိုးလို့လာ၏။ ရှက်သွေးဖြာနေသော ချစ်သူ့မျက်နှာလေးကိုကြည့်ပြီး ဟားတိုက်ရယ်ကာ ထထိုင်လိုက်ပြီ "ဝန်ခံလိုက်ပါ~"
Luhan လည်း ရှက်သွေးဖြာလျက် လက်ထဲက စာအုပ်ကိုဝေ့ရမ်းကာဖြင့် "သူများစာဖတ်နေတာကို လိုက်နှောက်ယှက်လို့မဝသေးဘူးလားကောင်လေး? ဒီမှာ ပြီးတော့မယ့်ဟာကို... ဒါနဲ့သိလား မင်းနန္ဒာက တကယ့်ပြိုင်စံရှား အချစ်သူရဲကောင်းပဲ" Luhan သက်ပြင်းချလို့ ဖတ်လက်စ စာမျက်နှာကို ပြန်လှန်လိုက်၏။
Sehun မျက်နှာလေး တွန့်သွားပြီလေ "ကိုယ်ကလည်း ပြိုင်စံရှား အချစ်သူရဲကောင်းပါနော်!"
"ဟိုက အရမ်း ဂရုစိုက်တယ်" Luhan စာဖတ်ရင်းနဲ့ ဇာတ်ကောင်ရဲ့ လက္ခဏာတွေကို ရွတ်နေတော့သည်။
"ကိုယ်လည်း ဂရုစိုက်ပါတယ်"
"အရမ်း ခန့်ညားတယ်"
"ကိုယ်လည်း ခန့်ညားတာပဲလေ... မဟုတ်ဘူးလား?"
"အိပ်ယာပေါ်မှာ အရမ်းကျွမ်းတယ်"
"ကိုယ်လည်း အိပ်ယာပေါ်မှာ အရမ်းကျွမ်းးးတယ်" Sehun ရုတ်တရက် တံတွေးသည်းပြီး နံဘေးကိုလှည့်ကြည့်လို့နေသည် "ဒီစကားထွက်အောင်လုပ်စရာလား?"
Luhan တခစ်ခစ်ရယ်လို့ စာအုပ်မှခွာရင်း ထိုင်ခုံပေါ်ပြန်ထိုင်လိုက်တဲ့ ချစ်သူကို ကြည့်လို့နေပြန်၏။ "မဟုတ်လို့လား?" တဖြည်းဖြည်းနှင့် Luhan သူ့ခြေတစ်ဖက်ကို ဆန့်ထုတ်လို့ Sehun ပေါင်ပေါ်တင်လိုက်သည်။ သူ့ခြေဖဝါးလေး Sehun အန္တရာယ်ပွိုင့်ကိုထိလိုက်ချိန် Sehun ကိုယ်ထဲ လျှပ်စီးဝင်ပူးသွားသလိုပင် မတ်မတ်လေး ပြန်ထိုင်ကာ Luhan ကို ဘုကြည့်ကြည့်လိုက်ပြီ "ဘာတုန်း?"
YOU ARE READING
Love Stages
FanfictionLuhan ဆိုတဲ့ကောင်လေးနဲ့ ကျွန်တော့်အသက်ကုန်ဆုံးပါရစေ Translation Fic from Asianfanfics. All right reserves to Author Zeelei