{So Stop The Time }
{MYL}'ဟဲလို '
စားပွဲပေါ်ရှိယူရမည့်သင်ခန်းစာစာအုပ်များကိုလွယ်အိပ်ထဲစီထည့်ပြီးအမြန်တစ်ဖက်ဖုန်းကိုထူးလိုက်သည်။ဒီနေ့ကျောင်းမှစစ်မည့် အိမ်စာစာအုပ်ရော။သူမ၏ဂျုနီယာတန်းကိုGuide ပြရမည့်မှတ်စုစာအုပ်ရော။အမြဲတမ်းသောကြာ၊စနေ၊တနင်္ဂနွေကိုဒီလိုမျိုးမအားမလပ်ဖြစ်ရသည်ကိုသူမစိတ်ရှုပ်သည်။ထို့အပြင်..မိသားစုရေးကို မတွေးပေးပဲ စနေတနင်္ဂနွေတောင် သူမ ကို စာလာသင်ခိုင်းသည့် ဟိုမိသားစုကိုလည်း မုန်းသည်။
'ဟဲလို....ဘယ်သူလည်းမသိဘူး၊ပြောပါ၊ကျမ နားထောင်နေတယ်'
'.......'
လက်ကိုလည်းအနားမပေးရပဲ
ပွသွားသည့်စာအုပ်တွေကို ပြန်စီနေရပြီး
တစ်ဖက်မှ ခွန့်တုန့်မပြန်လာတာ မို့ စိတ်တိုတိုနှင့် ခပ်ဆပ်ဆပ်ပြောကာပုခုံးနဲ့နားကြားကပ်ပြီးပြောနေရသောဖုန်းကို လက်ထဲနေရာယူခိုင်းလိုက်သည်။Contact Name ကို ကြည့်လိုက်တော့၊ဘုရားရေ၊သူမဖုန်းကို နားနှင့်ချက်ခြင်းပြန်ကပ်လိုက်ရ၏။'ဟို....'
'ကိုယ် မင်းအိမ်ရှေ့ရောက်နေပြီ။စားပြီးမှ ထွက်ခဲ့'
'ဟို...ယွန်ဂီ.... ခန'
ခနလေးပါဆို၊ပြောချင်တာပြောပြီးဖုန်းချသွားသည့် ယွန်ဂီအား၊သူမမြင်နိုင်မှန်းသိပေမဲ့ နှုတ်ခမ်းကြီးဆူပြီးစိတ်တိုမိသည်။သူမကလည်း သူမပင်။စိတ်လောနေမိသည်နှင့်ဖုန်းကိုမကြည့်မိ။အိမ်အောက်ထပ်ကို ချက်ခြင်းပြေးဆင်းပြီး ဧည့်ခန်းထဲကို ဝင်တာနဲ့အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေသောမားမားနဲ့ပါးပါးကို ယှဉ်ပြီး တွေ့လိုက်ရ၏။အော်..လိုက်လည်းလိုက်သည့်စုံတွဲတွေ။ယောက်ျားကို စိတ် မချပဲ အခုထိ အလုပ်ကနေ မထွက်သေးသော မားကို သူမပါးတစ်ချက်နမ်းကာ
'မာယာ သွားပြီ နော် မား.၊ဒီနေ့ ပါးကို ကိုးနာရီမှ လာကြိုခိုင်းလိုက်..မနက်စာ ယွန်ဂီနဲ့ပဲသွားစားလိုက်မှာမလို့စိတ်မပူနဲ့'
'ယွန်ဂီ ရောက်နေပြီလား'
သူမ ဖိနပ်စီးရင်းလှည့်မကြည့်ပဲခေါင်းညိမ့်ပြလိုက်သည်။
YOU ARE READING
So Stop The Time
Romanceရင်မောဖွယ်အတိနဲ့ အချစ်ရဲ့ တိတ်တခိုးမမည်သောရပ်ဝန်းမှာ ကျမ ချစ်ရသူနေသည်။ ရင်ခုန်အောင် သူအမြဲကြည့်ပြီး ရင်ခုန်အောင် သူအမြဲ ချစ်သည်။ ထိုမျှ မက.... ဝတ်ရည်ဆန်တဲ့ အနမ်းတစ်ပွင့် ဖန်တီးဖို့ သူဝန်မလေးသလို ပိတုန်းငယ်လို ယစ်မူးဖို့ အကြွင်းအကြံမရှိ တဲ့ အချစ...