TWO

1.5K 146 18
                                    

So Stop The Time
~•~




ကျောင်းဆင်းတော့သူမ တစ်ယောက်ထဲ
အတင်းထွက်လာလိုက်သည်။ယွန်ဂီက စာပြရမည့်အိမ်ကို လိုက်ပို့ပေးမည်ဟုဆိုသော်လည်း အခုလောလောဆယ်
သူနှင့် မျက်နှာချင်း မဆိုင်ချင်သော အနေအထားဖြစ်၏။

ယွန်ဂီက အဆင့်၁ ရသွားသည်တဲ့လေ။
ဘယ်လိုမှ ယုံချင်စရာမရှိလောက်အောင်
ဝတ္ထု စာအုပ်ပဲအားအားရှိထိုင်ဖတ်နေတတ်သောသူလို လူက ၊ သူမ ကို ကျော်က အဆင့်၁ရသွားသည်လေ။ထိုသည်မှာ သိပ်မထူးဆန်းသောလည်း သူမ အဆင့်၂ သို ခုန်ဆင်းသွားသည်မှာ သိပ်ရင်နာဖို့ကောင်းသည်။အမြဲတမ်း အဆင့်၁ နေရာကနေ မပြောင်းလဲခဲ့သောသူမ က။တွေးရင်းတွေးရင်းရူးချင်လာသလိုလို။

သူမ Mini Mart တစ်ခုကို ဝင်ပြီး အသင့်စားထမင်းဘူးကို ဝင်ဝယ်လိုက်သည်။စာသင်ရမည့်ကောင်လေးက ၆ နာရီမှသူ့အိမ်သူပြန်ရောက်မည်မဟုတ်လား။ကျောင်းဆင်းတာနဲ့ အိမ်လာခဲ့နော် သမီး လို့ အိမ်ရှင် အန်တီကြီးက ဖော်ဖော်ရွေရွေ ခေါ်သော်လည်း ၊ စာသင်ရမည့်ကိစ္စ မှ လွဲ၍ တခြားသောပတ်သက်မှု အနှောင်အဖွဲ့မျိုး ထပ်ရှိလာမည်ကို သူမ မလိုလားပေ။

နာရီကိုကြည့်လိုက်တော့ ၅ နာရီပင်မထိုးသေးချေ။သက်ပြင်းချကာ ၊ ယွန်ဂီ လိုက်ပို့ရင်သွားထိုင်နေကြဖြစ်သည့် ကော်ဖီ ဆိုင်ငယ်လေးထဲသို့သာ ဝင်ခဲ့လိုက်သည်။မှာစရာရှိတာ မှာပြီး ခုန က ဝယ်လာသည့်ထမင်းဘူးကိုဖွင့်စားဖြစ်၏။

ဒီတိုင်း ထိုင်စားနေရတာ ပျင်းလာသည်နှင့်၊အိမ်စာ စာအုပ်ကို ထုတ်ပြီး ၊ရသလောက် အိမ်စာလုပ်သွားဖို့ ပြင်ဆင်လိုက်သည်။ သီချင်းသံ အေးအေးကလည်း ဆိုင်ခန်းအတွင်း ခပ်ချိုချိုလေး ပျံလွင့်နေ၏။

"ထမင်းမကျွေးချင်လို့များ.. ကိုယ် လိုက်ပို့မယ် ဆိုတာကိုငြင်းတာလား ယာယာ"

ရုတ်တရက် နားနောက်ကနေ ထွက်လာသော
ယွန်ဂီ အသံကြီးကြောင့် စားလက်စ ဇွန်းပါပြုတ်ကျသွားရသည်။ အရူး ။သူမ လန့်သွားသည်မဟုတ်လား။ မျက်စောင်း တစ်ချက်ထိုးလိုက်တော့ ဘာမှ မဖြစ်သလိုနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ကျောရိုးမရှိသလိုဝင်ထိုင်သည်။

So Stop The TimeWhere stories live. Discover now