So Stop The Time
~•~'ယွန်ဂီ ? ပိတ်ရက်ကြီးစောစောစီးစီး ပါလား ။
လာသား ။ ယာယာ တော့အိပ်နေတုန်းပဲ''သူမထသေးဘူးလား အန်တီ၊စာသွားသင်ဖို့ရှိတယ်ဆို'
'အဲ့တာကဆယ်နာရီမှ သားရဲ့'
ဧည့်ခန်းထဲကိုဝင်ဝင်ခြင်း ယာယာ့အမေကဘာစားခဲ့ပြီးပြီလည်းဟုမေးသည်။မနေ့ကသွားကြိုပေးတာကို ကျေးဇူးတင်စကားပြောပြီးအမေ့ကို အိမ်လာလည်ဖို့စကားပါးခိုင်း၏။အိမ်အပေါ်ထပ်သို့တက်သောလှေကားနားမှာသူခြေလှမ်းရပ်လိုက်ပြီးအပေါ်ကိုမော့ကြည့်လိုက်တော့ ယာယာ့အမေက ပြုံး၍
'သွားနိုးရင်နိုးလိုက်ပါလားယွန်ဂီ၊အန်တီ မနက်စာစားဖို့ပြင်ထားပေးမယ်'
စောင့်မျှော်နေသောစကားကြားလိုက်ရတာမို့ပြုံးပြီးအပေါ်ကိုခြေလှမ်းမည်ပြုလိုက်သည်။သို့ပေမဲ့ဟိန်းကနဲထွက်လာသောယာယာ့၏အဖေအသံကအနောက်ကနေမထင်မှတ်ပဲပေါ်ထွက်လာတာမို့သူမျက်စိမှိတ်၍ကြိတ်ပြီးစုတ်တစ်ချက်သက်လိုက်ရ၏။
'ဘယ်လဲအဲ့တာက'
'ကျနော်..
ယာယာ့ကိုသွားနိုးရင်ကောင်းမလားလို့'မျက်မှောင်ကျုံ့ကာကြည့်နေသောယာယာ့အဖေရှေ့မှာယွန်ဂီအပေါ်ကိုဆက်တက်ရမလိုအောက်ပြန်ဆင်းရမလိုဖြစ်နေသည်။
'ပြန်ဆင်းလာခဲ့၊အခုချက်ခြင်း'
'ဘာလို့လည်းအန်ကယ်၊ကျနော်အရင်တုန်းကလည်းနိုးနေကြပဲကို'
'အခုမနိုးရဘူး။
မဟုတ်ဘူး။မင်းအခုချိန်ကစပြီးတော့ယာယာ့အခန်းထဲကိုလုံးဝမဝင်ရဘူး''...'
'နားမလည်ဘူးလား၊ခုချက်ခြင်းဆင်းလာလို့ပြောနေတယ်နော်မင်ယွန်ဂီ၊ငါမင်းအဖေနဲ့လှမ်းတိုင်လိုက်မှာ'
ယွန်ဂီ စိတ်ထဲကနေပဲစုတ်တစ်ချက်သက်လိုက်မိသည်။ဘာလို့အရင်ကထက်စည်းကမ်းတွေပိုတင်းကြပ်လာမှန်းမသိ။ဒါပေမဲ့လူကလည်းမရတော့မှပိုလိုချင်တတ်သည်ကဆိုးသည်။ငယ်ငယ်တည်းကလူကြီးတွေကြားတည်းချီးမွမ်းပြောဆိုခံခဲ့ရပေမဲ့ယာယာ့အဖေကတော့သူ့သမီးကိုလုယူသွားမဲ့ကောင်လို့ပြောပြီးအမြဲမကြည်ကြည့်ကြည့်သည်။ကလေးလည်းမဟုတ်တော့တာကိုသမီးမွေးထားပြီးတော့
YOU ARE READING
So Stop The Time
Romanceရင်မောဖွယ်အတိနဲ့ အချစ်ရဲ့ တိတ်တခိုးမမည်သောရပ်ဝန်းမှာ ကျမ ချစ်ရသူနေသည်။ ရင်ခုန်အောင် သူအမြဲကြည့်ပြီး ရင်ခုန်အောင် သူအမြဲ ချစ်သည်။ ထိုမျှ မက.... ဝတ်ရည်ဆန်တဲ့ အနမ်းတစ်ပွင့် ဖန်တီးဖို့ သူဝန်မလေးသလို ပိတုန်းငယ်လို ယစ်မူးဖို့ အကြွင်းအကြံမရှိ တဲ့ အချစ...