So Stop The Time
~•~ကျောင်းဝတ်စုံဝတ်ပြီးသည်နှင့် ဆံပင်ကိုစည်းနှောင်နေရင်းယာယာအပြင်ကိုလှမ်းကြည့်လိုက်သည်။သည်းထန်စွာရွာသွန်းနေသော မိုးပေါက်များကပြတင်းပေါက်မှန်ကိုရိုက်ခက်နေတာများအသည်းအသန်နှင့်။အုံ့မှိုင်းမှိုင်းရာသီဥတုကြောင့်ကျောင်းသွားဖို့အတွက်တောင်ပျင်းလာသလိုလို။
မင်ယွန်ဂီကိုဖုန်းဆက်လိုက်ရမလား။ဒီနေ့ကျောင်းမသွားတော့ဘူးပြောပြီးကျောင်းလစ်သင့်လား။မဟုတ်လည်းပြိုင်ပွဲကိစ္စကြောင့်နှစ်ကောင်သားဆရာမထံတွင်အဆူခံရအုန်းမည်ဖြစ်သည်။
တွေးနေတုန်းဖုန်းမှစာဝင်လာတာမလို့၊ဖွင့်ကြည့်လိုက်တော့ယွန်ဂီ့ဆီမှဖြစ်နေသည်။
'ကိုယ်အိမ်ကထွက်လာပြီ၊မနက်စာစားထားတော့'
ယာယာစိတ်ပျက်လက်ပျက်နှင့်၊သက်ပြင်းချလိုက်မိသည်။အခုတော့ကျောင်းသွားရမည့်အခြေအနေပင်ဖြစ်၏။မိုးတွေလည်းရွာနေတာကို၊အိပ်ရာမှာကွေးနေရရင်ဘယ်လောက်ကောင်းမလည်း။လွယ်အိတ်ကိုပုခုံးပေါ်တွင်လေးတွဲစွာချိတ်ပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်။
'ယာယာ..မားမနက်စာစားဖို့ပြင်ထားပေးတယ်၊ပါးပါးလည်းစားနေတယ်၊သွားအတူတူစားလိုက်၊မားကအင်္ကျီလဲရတော့မှာမလို့'
'မားက အလုပ်ကနေထွက်လိုက်လို့မရဘူးလားဟင်၊ပါပါးနောက်ပဲတစ်ချိန်လုံးလိုက်နေတာ၊ပါးပါးကိုအဲ့လောက်တောင်ချစ်လား'
'မနက်စောစောစီးစီးဘာဖြစ်တာလည်း'
လွယ်အိတ်ကိုဧည့်ခန်းထဲကဆိုဖာပေါ်ချခဲ့လိုက်ရင်းယာယာ၊မားကိုလှမ်းကြည့်လိုက်သည်။
'မားက ပါးပါးကိုအဲ့လောက်တောင်ချစ်တာပဲလားလို့'
'ယာယာရော.. ယွန်ဂီကိုမချစ်ဖူးလား'
မားက ပြုံးစိစိနဲ့လှမ်းမေးလိုက်သဖြင့်ယာယာမျက်နှာကိုလွဲပစ်လိုက်သည်။မချစ်ပါဘူး။အဲ့ကောင်ကခုထိယာယာ့ကိုချစ်တယ်လို့တောင်ပြောဖူးတာမဟုတ်ဘူး။
YOU ARE READING
So Stop The Time
Romanceရင်မောဖွယ်အတိနဲ့ အချစ်ရဲ့ တိတ်တခိုးမမည်သောရပ်ဝန်းမှာ ကျမ ချစ်ရသူနေသည်။ ရင်ခုန်အောင် သူအမြဲကြည့်ပြီး ရင်ခုန်အောင် သူအမြဲ ချစ်သည်။ ထိုမျှ မက.... ဝတ်ရည်ဆန်တဲ့ အနမ်းတစ်ပွင့် ဖန်တီးဖို့ သူဝန်မလေးသလို ပိတုန်းငယ်လို ယစ်မူးဖို့ အကြွင်းအကြံမရှိ တဲ့ အချစ...