(BaekHyun)

5.4K 350 1
                                    

1867 (ကယ်လီဖိုးနီးယား)

"သတ်!…ကလေးတွေကိုဖမ်းစားနေတဲ့ မကောင်းဆိုးဝါးကောင်!"

"ငါ့သမီးလေး ပြန်ပေး"

"ငါတို့ကလေးတွေ ဘယ်မှာလဲ?"

ဘာလုပ်မိလို့လဲ? ကျွန်တော်ဘာလုပ်မိလို့လဲ? မလာနဲ့ ဒီ့ထက်ပိုပြီးရှေ့ဆက်တိုးမလာကြနဲ့…။
ဟင့်အင်း…။

လက်တွေ…ခြေထောက်တွေကို ကြိုးချည်ထားတာ
ကို လွတ်ထွက်အောင်လုပ်လို့ရပေမယ့် သူ… သူ…
သူ့ကိုထိသွားမှာစိုးလို့။ အောက်မှာတငွေ့ငွေ့လောင်
မြိုက်နေတဲ့ မီးပုံကြီးက ကျွန်တော့်ရင်ထဲကအပူ
ထက်ပဲ ပူနိုင်ပါဦးမလား?။
လူအုပ်ကြီးကြားထဲကနေ ကြည့်နေတဲ့သူ့ကိုကျွန်တော် အကူအညီတောင်းတဲ့
မျက်လုံးတွေနဲ့ကြည့်လိုက်မိသည်။ ပြောပေးပါ…
ဒီလူအုပ်ကြီးကိုရှင်းပြပေးပါ…
ကျွန်တော် မဟုတ်ဘူးလို့… အထင်လွဲနေကြတာပါ
လို့။

*မကောင်းဆိုးဝါး…*

အသံမထွက် နှုတ်ခမ်းလှုပ်ရုံကလေး ပြောလိုက်တာ
ပေမယ့် ကျွန်တော်သိတာပေါ့။သူ့ကိုအရိပ်တကြည့်
ကြည့်နေရတဲ့ သူပါ။

ဘာလို့လဲ?… ကျွန်တော်ဘာတွေများမှားသွားလို့
လဲ? ကျွန်တော်ဘာတွေများလုပ်မိလို့လဲ? မျက်ရည်
တွေနဲ့ ဝေဝါးနေပေမယ့် သူ့မျက်နှာပေါ်ကရွံရှာတဲ့
အကြည့်တွေကိုမြင်နေရသေးသည်။

တဖြည်းဖြည်းနဲ့အားကောင်းလာတဲ့ မီးတောက်တွေ ကကျွန်တော့်တစ်ကိုယ်လုံးကိုဝါးမျို
စပြုလာသည်။ ပြင်းပြင်းပြပြတောက်လောင်နေတဲ့
မီးတွေကြားထဲ ကျွန်တော်ပျောက်ကွယ်သွားရင်
ကောင်းမယ်…။

ဒါပေမယ့် ကျွန်တော်မျှော်လင့်သလိုဖြစ်ပါ့မလား?
ဒီလိုသာလွယ်လွယ်သေနိုင်လျှင် ကျွန်တော်သည်
မွေးပြီးကတည်းကပင် သေနေပေလိမ့်မည်။

သူတို့ခေါ်နေကျ 'မကောင်းဆိုးဝါး' ဆိုတာထက်ပင်
ပို၍ မကောင်းဆိုးဝါးဆန်နေကြသော လူသားတွေ
ရဲ့လက်ချက်ကြောင့်…

<<<<<Diabolik>>>>>

Diabolik (SeBaek)Where stories live. Discover now