ဖန်ခွက်ထဲကရေက တစ်ဝက်လျော့နေတယ်...
တစ်ဝက်ပြည့်နေတယ်...
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရေတော့မငတ်တော့ဘူးပေါ့...~~***Diabolik***~~
"နာမည် ဘယ်လိုခေါ်လဲ?"
"...မရှိဘူး..."
"မရှိဘူး?... ဒါဆို ငါနာမည်တစ်ခုပေးမယ်လေ...
ရလား?""......"
"အင်း... ဘယ်လိုပေးရမလဲ?...ဘယ်လိုပေးရမလဲ?
Ha! Suho ဆိုရင်ရော... ငါ့ရဲ့ Gurdian လေး
Suho... မင်းနာမည် Suho... ဘယ်လိုလဲ? သဘောကျလား?""...Suho??...
ငါ့နာမည်က Suho..."~~***Diabolik***~~
"Suho..."
နုဖတ်ဖွေးအုနေတဲ့ ကိုယ်လုံးလေးပေါ်မှာပြေးလွှား
နေတဲ့ Suho လက်တွေရပ်တန့်သွားသည်။
ဆပ်ပြာမှုန့်လေးတွေရဲ့ တပေါက်ပေါက်သံက တိတ်ဆိတ်မှုကြားကတစ်ခုတည်းသောအသံ။"Hyunnie?"
"အဲ့လိုမယုံတဲ့ မျက်လုံးတွေနဲ့မကြည့်ပါနဲ့... Suho
လို့ခေါ်တတ်တာ ငါပဲရှိတာပါ...""တောင်းပန်ပါတယ်..."
"Baek ဘာတွေမွှေထားပြန်ပြီလဲ?"
"......"
Suho ဆီကတုန့်ပြန်သံမလာ။
မျက်ခုံးနားက ဆပ်ပြာမှုန့်လေးကိုလက်နဲ့ပွတ်သပ်
ဖျက်ရင်း ရေချိုးကန်ထဲကရေတွေကိုလက်ခုပ်နဲ့
Hyunnie ခပ်ယူလိုက်သည်။ လက်ခုပ်ထဲရေ
တွေက လက်ကြားထဲကနေစိမ့်ယိုပြီးပြန်ထွက်သွား
တာကိုကြည့်ရင်း Hyunnie ပြုံးလိုက်မိသည်။"သူထွက်သွားပြီ"
"သူ?... ဘယ်သူ- မဟုတ်မှလွဲရော..."
ဆိုလိုတာကိုသဘောပေါက်သွားတဲ့ Suho ကို Hyunnie ဆက်ပြောလေဆိုတဲ့အကြည့်နဲ့ကြည့်
နေလိုက်သည်။"သူ့...သူ့ကို Baek သတ်လိုက်တယ်... ငါမျက်လုံးနဲ့သေချာတွေ့လိုက်တာ..."
Suho စကားကို Hyunnie ကအားရသဘော
ကျစွာရယ်မောလိုက်ရင်း Suho ကိုလက်ဖျားက
ရေလေးတွေနဲ့တောက်လိုက်သည်။
YOU ARE READING
Diabolik (SeBaek)
Fanfictionအိမ်ကြီး၏အပေါ်ထပ်ကို ဘာအကြောင်းကြောင့်နဲ့မှ မတက်ပါနဲ့ ဆိုတဲ့တားမြစ်စကားကို ချိုးဖောက်မိတဲ့ ကောင်လေးတစ်ယောက်...