II . Diabolik

2.6K 309 11
                                    

ချစ်ခြင်း ၏အခြားတစ်ဘက်ကိုမသွားမိပါစေနဲ့...။
နယ်ကျွံသွားလို့ သံသယတွေစွဲကပ်လာရင် မင်းကို
နှလုံးသားမြို့တော်က နယ်နှင်ဒဏ်
ပေးလိမ့်မယ်...။
နောင်တတွေနဲ့သာနေပေတော့...။

~~***Diabolik***~~

"မကောင်းဆိုးဝါး..."

Sehun ရဲ့ အလန့်တကြား ရေရွတ်သံကိုကြား
တော့ကောင်လေးက အူလှိုက်သဲလှိုက်ရယ်ပြန်
သည်။

"ဟုတ်တယ်... Baek ကမကောင်းဆိုးဝါး... အဲ့ဒါကြောင့် Baek ကို သတ်ဖို့လာတာမလား?..."

Sehun ထွက်ပြေးဖို့ကြိုးစားလိုက်ပေမယ့် ထိုကောင်လေးရဲ့လက်က Sehun ၏လက်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ အကောင်
လေးကသေးသေးလေးနဲ့ လက်တွေကအရမ်းသန်
မာလွန်းလှသည်။ အနားကပ်မှသေချာကြည့်မိတော့
ကောင်လေး မျက်လုံးတွေက အပြာနုရောင်တောက်
နေသည်။

"သတ်ပစ်မှာ... Hahahaha..."

အရူးတစ်ယောက်လိုအော်ဟစ်ရယ်မောနေတဲ့
ကောင်လေးက သူ့ရဲ့သွေးပေနေတဲ့လက်တွေနဲ့
Sehun ရဲ့လက်ကိုပိုမိုတင်းကျပ်စွာဆုပ်ကိုင်လာ
သည်။

"Ahhhh!!..."

Sehun လည်း ဘယ်လိုမှကြံရာမရတဲ့အဆုံး ကောင်လေး၏လက်ကို အသားကုန် ကုန်းကိုက်ပစ်လိုက်မိသည်။ အဲ့တော့မှ ကောင်လေးက Sehun ၏ လက်ကိုလွှတ်ပေးသည်။
ပါးစပ်ထဲ အလုံးလိုက်အရင်းလိုက်ဝင်လာ
သည့်သွေးတွေက ဘယ်လိုအရသာမှန်းတောင်
မပြောတတ်။ ထွေးထုတ်ဖို့အချိန်မရတော့လို့ အတင်းသာကြိတ်မှိတ်မျိုချရင်း တံခါးပေါက်နေ
ထွက်ပြေးရတော့သည်။

"Ahh!... Baek နာတယ်... Baek ကိုဘာလို့နာ
အောင်လုပ်တာလဲ?!"

Sehun ပြေးနေပေမယ့်နောက်က လိုက်လာတဲ့
ခြေသံတွေကိုကြားနေရသည်။ ရှေ့မှာတံခါးမကြီး
ကိုတွေ့နေရပြီ။ ရောက်တော့မယ်... ရောက်တော့
မယ်... Sehun~ah... အားတင်းထားစမ်း။

"...!"

"Ahhhh!... အဟွတ်...ဟွတ်"

တံခါးနားရောက်ခါနီးလို့အားတင်းပြေးနေပေမယ့်
လည်ချောင်းတလျှောက်ကနေ ဗိုက်ထဲအထိ မီးခဲ
နဲ့ထိုးသလိုပူလောင်လာသည်။

Diabolik (SeBaek)Where stories live. Discover now