Part ( 6 )

1.3K 85 0
                                    

Part ( 6 )

သစ်သားတံခါး ကို ဖြည်းဖြည်းလေးတွန်းဖွင့်ကြည့်တော့ အခန်းထောင့်မှကုတင်ပေါ်မှာခွေခွေလေးအိပ်ပြီး

"Ma ... "

"Ma ... Pa ...."

Yi Fan ကုတင်နားလျှောက်သွားပြီး

ဒီကလေး အိပ်မက်ဆိုးမက်နေတာလား

Fan : တောင်းပန်ပါတယ် ...

Yi Fan ရပ်နေရာမှ ကုတင်ပေါ်တက်ပြီး Yi Xing ဘေးနားဝင်အိပ်ပြီး Yi Xing ရဲ့ကျောပြင်ကိုကြည့်နေတယ် Yi Xing ကိုတော့မထိရဲ

ခဏနေတော့ Yi Xing ကိုယ်လေးလှုပ်လာတော့ သူထဖို့ပြင်လိုက်တယ် ဒါမယ့် Yi Xing သူ့ဘက်လည့်လာပြီးသူကိုဖက်ထားလိုက်တယ်

Fan : Yi Xing !!

Yi Fan လန့်သွားတယ် သူ့ရင်ခွင်ထဲကကောင်လေးကိုကြည့်လိုက်တော့ အိပ်ပျော်နေတုန်း သူမလှုပ်ရဲဘူး Yi Xing ပိုတိုးဖက်လာတော့ အေးနေတယ်ထင်တယ် စောင်တွေလည်းကန်ချထားတာကိုး Yi Fan ခြေထောက်ရှည်ကြီးနဲ့ ကုတင်ခြေရင်းမှစောင်ကိုဆွဲယူပြီး
သူတို့နှစ်ယောက်စောင်တစ်ထည်တည်းခြုံထားလိုက်တယ်

Fan : Good night

ဒီအခန်းထဲဝင်လာရတဲ့ အကြောင်းကတော့ သူအိပ်မပျော်လို့ ခြံထဲလမ်းလျှောက်ပြီး ပြန်တက်လာတော့ ဒီအခန်းထဲရှိုက်သံကြားလို့ ၀င်ကြည့်လိုက်တာ

…………………

မနက်ရောက်တော့

Fan : Good Morning

ပြန်နှုတ်ဆက်မယ်လို့မမျှော်လင့်ပဲ နှုတ်ဆက်လိုက်တယ်

Yi Xing Yi Fanကိုတစ်ချက်ကြည့်ပြီး ထိုင်ခုန်မှာဝင်ထိုင်လိုက်တယ်

Xing : ဘာလို့ ကော်ဖီပဲသောက်တာလဲ

Fan : ဟို … ဟို …

Yi Xing ရုတ်တရက်မေးလာတော့ သူဘာဖြေလို့ဖြေရမှန်းမသိဖြစ်သွားတယ်

Xing : ထားလိုက်တော့ အဲ့ဒါခင်ဗျားကိစ္စ

ပြောပြီး ရှေ့ကထမင်းပန်းကန်ဆွဲယူပြီးစားနေလိုက်တယ်

ဒီနောက်ပိုင်း Luhan ညနက်ထိအလုပ်လုပ်လို့ Yi Xing ကိုစောစော လာမကြိုနိုင် Chanyeol ကျတော့ ဟိုတလောကမှ ဆိုင်ကယ်မှောက်ထားလို့ အိမ်ကစိတ်ပူပြီးဆိုင်ကယ်မမောင်းခိုင်းတော့ Yi Fan ကားနဲ့ပဲကျောင်းသွားရတော့တယ်

Accident (Completed)Where stories live. Discover now