Accident SP

1.7K 74 0
                                    

Accident Sp

Yi Xing အစောကြီးကတည်းက ကျောင်းသွားပြီး Yi Fan ဖုန်းဆက်လည်း ဖုန်းမကိုင်ဘူး Yi Fan နေမထိထိုင်မသာ ဖြစ်ကာ သက်ပျင်းသာ ခဏခဏ ချနေတယ်

အဲ့ဒါကို သူ့အတွင်းရေးမှူး Suho က မြင်ပြီး မနေနိုင်တော့လို့

Suho : ဘာဖြစ်တာလဲ Yi Xing နဲ့ ရန်ဖြစ်လာတာလား

Fan : အဲ့လိုပဲ ပြောရမှာပေါ့

Suho : အရန်းချစ်နေကြတာ မဟုတ်လား မင်းက ကလေးစိတ်ညစ်အောင် ဘာသွားလုပ်မိလို့လဲ

ရှိမယ်ဆိုရင် တစ်ခုပဲရှိတာ မနေ့က နမ်းတဲ့ကိစ္စ မနေ့က သူနမ်းတာ ကြမ်းသွားလို့နေမှာ ဒါကြောင့် Yi Xing စိတ်ဆိုးသွားတာ

Yi Xing မသိပါဘူး Kris နမ်းလို့ အရှိန်ရလာပြီဆိုရင် Yi Xing ရဲ့ အသံ ကြားလိုက်တာနဲ့ အားလုံးကို ရပ်တန့်လိုက်ရတယ် တကယ်ဆို Yi Fan က Yi Xing ကို ဖက်တာ နမ်းတာနဲ့တင် မလုံလောက်ဘူး ဒီထက်ပိုချင်တာကို Yi Xing က ငယ်သေးတော့ သည်းခံနေရတာ

Fan : ဘယ်ချိန်လောက်မှ ဟိုကိစ္စ အတွက် အသင့်ဖြစ်မှာလဲ

Suho : မင်း ကလေးကို မဟုတ်တာသွားလုပ်မိတယ်လို့ မပြောနဲ့နော်

Suho ရယ်ပြီးပြောလိုက်တယ်

Suho pov : င့ါ boss ဘယ်တုန်းကတည်းက နှာဘူး ဖြစ်သွားတာလဲ ဖြစ်လည်း ဖြစ်ချင်စရာပဲလေ ဟိုကဖြင့် နုနုထွတ်ထွတ် ချစ်ရာလေးကို ပြီးတော့ တစ်အိမ်တည်းမှာ နေသေးတာ ချစ်သူဖြစ်တာ လေးနှစ်တောင်ရှိပြီ ငါ့ Boss ဒီကလေးကို မစားသေးတာ တော်တော်လေး သည်းခံနိုင်တာပဲ ချီးကျူးထိုက်တယ် ဟိဟိ

Fan : အရှိန်ရလာပြီဆိုရင် ... Yi Xing အသံကြားလို့ ရပ်လိုက်ရတယ်

Yi Xing နာကျင်သွားမှာဆိုးလို့ Yi Xing အနားမကပ်ချင်မှာဆိုးတယ် ဒီမနက်တောင် Yi Xing သူ့မျက်နှာကိုတောင် မကြည့်တော့ဘူး

Suho : ဒီလိုကိစ္စက လောလို့မရဘူးလေကွာ မင်းကလဲ မင်းလေးနှစ်တောင် သည်းခံပြီးစောင့်နိုင်သေးတာပဲ ထပ်သည်းခံလိုက်ပေါ့

Yi Fan ခြောက်နာရီကတည်းကအိမ်ပြန်ရောက်နေတာ အိမ်ရောက်တော့လည်း သူသတိရတဲ့ သူက အိမ်မှာ ရှိမနေဘူး Arjima ကို မေးကြည့်တော့ Yi Xing အစောကြီးကတည်းက ပြန်ရောက်တာ အဝတ်စားလှဲ ပြီးပြန်ထွက်သွားတယ် အိမ်ပြန်ထမင်းမစားတော့ဘူး မှာထားပြီး ဘယ်သွားမယ်တော့ ပြောမသွားဘူးတဲ့

Accident (Completed)Where stories live. Discover now