1

25.7K 865 21
                                    

Moonlight ဆိုတဲ့ရပ်ကွက်ထဲ အိမ်ပြောင်းလာတဲ့ လက်ထပ်ပြီးခါစ ချစ်စရာကောင်လေးနှစ်ယောက်...

သူတို့နှစ်ယောက်ပုံစံကိုကြည့်လိုက်တာနဲ့ဘယ်လောက်ချစ်မှန်းသိသာလွန်းသည်။

ကလေးဆန်တဲ့ကောင်လေးကိုနည်းနည်းလူကြီးဆန်တဲ့ကောင်လေးက အလိုလိုက်...ကလေးဆန်တဲ့ကောင်လေးကချွဲနဲ့ သူတို့ကိုမြင်တဲ့သူတိုင်းကြည့်နူးရသည်။

သူတို့နှစ်ယောက်တွေ့ပုံကလည်းထူးဆန်းတယ်လို့ပြောရမလား? သူတို့ရည်းစားဘဝမှာ Baekhyun ကဝိညာဉ်လေ

နားရှုပ်သွားလား? ဒီလိုလေ Baekhyun ကaccident တစ်ခုကြောင့် coma ဝင်ပြီးဆေးရုံမှာသတိလစ်နေတာ...သူ့ဝိညာဉ်ကတော့ ခန္ဓာကိုယ်ထဲမှာမရှိဘဲ လျှောက်သွားနေရင်း Chanyeol နဲ့တွေ့တာ..

Chanyeol ကသရဲဝိညာဉ်တွေကိုမြင်နိုင်တယ်လေ...Baekhyun က Chanyeol သရဲတွေမြင်နိုင်မှန်းသိတော့ တကောက်ကောက်လျှောက်လိုက်ရင်းနဲ့ သံယောဇဉ်ဖြစ်ပြီး ရည်းစားဖြစ်သွားကြတာ...

နောင်ကျတော့ Baekhyun coma ဝင်နေရာက ပြန်သတိရလာခဲ့တယ်...ကံကောင်းတယ်ဘဲပြောရမလား Baekhyun ကသူများတွေလို ဝိညာဉ်ဘဝတုန်းကကိစ္စတွေကိုမမေ့ဘူး အားလုံးမှတ်မိတယ်လေ...ပြီးတော့ သူပြန်နိုးလာတဲ့အချိန်ကစပြီး ဝိညာဉ်တွေကိုမြင်နိုင်ခဲ့တာ...နောက်တော့ Chanyeol နဲ့လက်ထပ်ခဲ့တယ်လေ

လက်ထပ်ပြီးတော့မိဘတွေနဲ့မနေချင်တာမို့ အိမ်ခွဲနေဖို့ အိမ်ပြောင်းလာကြတာလေ...အဲ့တော့Chanyeol သူငယ်ချင်းဖြစ်တဲ့ Sehun နဲ့ Kai ကလာကူညီပေးနေတာ...

"Baekkie လေးပင်ပန်းနေပြီလား?"

"Arni မပင်ပန်းပါဘူး Channie ရယ်"

ကားပေါ်ကဆင်းဆင်းချင်း Baekhyun ကိုဖက်ကာ ပင်ပန်းနေပြီလား တတွတ်တွတ်မေးကာ အကဲပိုနေတဲ့ Chanyeol ကြောင့် Kai နားကြားပြင်းကတ်လာလေပြီ

"မင်း Baekhyun ကလူနာမဟုတ်ပါဘူးကွာ...ကားလေးထိုင်စီးလာတာကိုပင်ပန်းစရာလား? ပိုကိုပိုတယ်"

"Channie က BaekBaek လေးကိုချစ်လို့လေ"

"ပြောလိုက်ပါ Baekkie လေးရယ် အဲ့ကောင်တွေကပိန်းဥတွေ"

Baekhyun ပခုံးလေးကိုဖက်ကာ Chanyeol ပြောတော့ Sehun နဲ့ Kai မဲ့ရွဲ့ပြသည်။

ရင်ခုန်သံစည်းချက်(Complete)Where stories live. Discover now