7

5.2K 344 3
                                    

"Channie hee..."

မီးဖိုချောင်ထဲမှထွက်လာသော Baekhyun အသံ...ခဏနေမှ ကော်ဖီခွက်လေးတစ်ခွက် ယူလာကာ စာကျက်နေတဲ့ chanyeol ဘေးခိပေးလိုက်သည်...

"Channie အတွက်..."

"Aigoo...ကိုယ့်ကလေးလေးက လိမ္မာလိုက်တာ "

"Channie စာကျက်ရင် အိပ်မငိုက်အောင်လို့ပါ..."

"အလိုက်သိတတ်လိုက်တာ အဲ့ဒါကြောင့် ကိုယ်ကချစ်နေရတာ"

"ဟိုလေ hee..."

ပြောရင်းဆိုရင်း ခြေထောက်စင်းထိုင်နေသော chanyeol ဗိုက်ပေါ်ခွတက်လာသော Baekhyun ကြောင့်မျက်လုံးပြူးရလေပြီ...

"O-O Baek?"

"Channie shi...BaekBaek ပူဆာချင်လို့ရယ်..."

"ပြောပါဦး ကိုယ့်ရဲ့ Baek လေး ဘာလို့ချင်လို့လဲ?"

Baekhyunee ကသူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ကပ်ချွဲရင်း...

"BaekBaek လေးလေ..ဟို..ဒီနေ့ကျောင်းမတက်ချင်ဘူးရယ်"

"အင်..ဘာဖြစ်လို့လဲ ကလေးရယ်"

"ဟိုရောက်ရင် channie နဲ့ခွဲရမှာ BaekBaek လေးမခွဲနိုင်ပါဘူး"

မျက်ရည်လေးဝဲကာ ပြောလာတဲ့ baekhyunee...သိသားပဲ ကျောင်းပြေးလေး စာမရလို့ဆိုတာ..ပြောရင်လည်းနှုတ်ခမ်းက ထော်လာဦးမယ်...

"ကျောင်းမတက်ဘဲ ဘာလုပ်မလို့လဲ"

"ဟို...channie shi ရဲ့ BaekBaek လေးလေ...ဟွာ..ကစားကွင်းသွားချင်လို့"

အော်..လက်စသတ်တော့ မျောက်လောင်းလေး ဆော့ချင်နေတာကိုး
Imm ပေါ့လေ ချစ်ရတဲ့သူဆိုတော့လည်း အလိုလိုက်ရဦးမှာပေါ့...

"အင်းပါကွာ ကိုယ်လိုက်ပို့ပေးမယ်နော်"

"ဒါမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ?"

"Channie ကစာတော်တဲ့သူလေ တော်ကြာ BaekBaek လေးကြောင့် ကျောင်းပျက်နေပါဦးမယ်"

လက်လေးနှစ်ဖက်ကို လိမ်ကျစ်ကာ အသည်းယားဖွယ်ပြောလာသော ကလေးလေး...

"ရပါတယ်ကွာ ကိုယ်ကကျောင်းမှာ စံပြကျောင်းသားဆိုရင် နှလုံးသားထဲမှာတော့ baek ကိုအရမ်းချစ်တဲ့သူလေ"

ရင်ခုန်သံစည်းချက်(Complete)Where stories live. Discover now