13

3.4K 246 2
                                    

"Channie!channie!"

"ပြောလေကလေး"

ဆိုင်ကအပြန်၌ chanyeol နာမည်ကိုအော်ဟစ်နေသော Baekhyun ကြောင့် kris တွေးမိတယ် သူ့ညီရဲ့ပြဲလှစွာသောအသံနဲ့ chanyeol ဘယ်လိုနေလဲပေါ့ သူကတော့ကြာကြာနေရင် နားပူလွန်းလို့ထွက်ပြေးမိမှာ....

"ဟွာလေ...BaekBaek လေးမသိတာမေးချင်လို့"

"omm မေးလေ Hyunee ရဲ့"

ပေါက်ရတွေမေးမယ်မှန်းသိသိနဲ့ စိတ်ရှည်ရှည်ပြောနေတဲ့ chanyeol ကို kris လေးစားမိပါရဲ့ သူ့ညီအမွှေစိန်အကြောင်းမသိတာမှတ်လို့...

"ဟိုလေ...ခ်ခ်..ဟီး...kris hyung ခေါင်းကဘာလို့ ဂျိုထွက်နေတာလဲဟင်?သူကဂြိုဟ်သားလားမသိဝူးနော် ခိခိ"

Garrrr စလာပြန်ပြီ လဒလေး...စားပြီးသောက်ပြီးပြီဆိုတော့ ဒင်းပြောအားရှိနေတာပေါ့....kris စိတ်ဆိုးမာန်ဆိုးနဲ့ အနောက်ကသူတို့နှစ်ယောက်ကိုပြန်လှည့်ကြည့်တော့ သကောင့်သားကလျှာတောင်ထုတ်ပြလိုက်သေး....

"Ya!!Byun baekhyun!!အဲ့တာဂြိုဟ်ထွက်တာမဟုတ်ဘူး ဆံပင်ထောင်ထားတာကွ!ပိန်းဥလို့ပြောရင်လည်း ကြိုက်မှာမဟုတ်ဘူး ဟွန့်!"

အားရပါးရအော်ပစ်လိုက်တော့ baekhyunee ဇက်လေးပုဝင်သွားကာ chanyeol အနောက်မှာဝင်ပုန်းသည်...kris လည်းသူ့ကိုယ်သူတောင် လွန်သွားသလားလို့တွေးမိသေးတယ်....

"channie!channie!"

"ပြောပါ မင်းသားလေး"

"BaekBaek လေးမေးချင်သေးတယ် "

"imm မေးလေ ဒါပေမဲ့ hyung အကြောင်းမပါရဘူးနော် တော်ကြာကလေးလေး အရိုက်ခံရမယ်"

"ဟုဟု channie"

အယ် ဒီလိုကျဘယ်ဆိုးလို့လဲ?ဒီကလေးလိမ္မာသားပဲ....တွေးရင်း kris သူတို့ပြောတာကိုဆက်ပြီး နားထောင်နေလိုက်သည်....

"ဟွာလေ ပိန်းဥထက်ကြီးတာကဘာလဲဟင်?"

"ommm ပိန်းပင်ဖြစ်မှာပေါ့"

"Aww..kris hyung !"

"ဘာလဲပြော"

"BaekBaek လေးကပိန်းဥဆိုရင် kris hyung က BaekBaek လေးထက်ကြီးတဲ့အစ်ကိုဆိုတော့ ပိန်းပင်ပေါ့နော်"

"Ya!!!မင်းသေပြီကလေးစုတ်"

Baekhyunee ကပတ်ပြေး chanyeol ကကာပေး kris ကလိုက်နဲ့ပေါ့....အဲ့အချိန်မှာပဲပြေးရင်းပြေးရင်း Baekhyunee တစ်ယောက်လူတစ်ယောက်ကို ဝင်တိုက်မိပါရောလား....

ရင်ခုန်သံစည်းချက်(Complete)Where stories live. Discover now