A Modern Fairy Tale

2.8K 266 15
                                    

Title - A Modern Fairy Tale
Author - Solene_7

             *************

သူ့ က လေးဘဝတစ်လျှောက်လုံး

mama ဝယ်လာပေးခဲ့သည့် နတ်သမီးပုံပြင်

များနှင့် ရင်းနှီးကျွမ်းဝင် ခဲ့ရသည်။

ယောင်္ကျားလေးတစ်ယောက်ဖြစ်သော်လည်း

စိတ်ထားနူးညံ့စေလို၍ပဲလားတော့မသိ၊

mamaက Luhanကို ထိုပုံပြင် များနှင့်

ထိ တွေ့ပေးခဲ့သည်။

အချစ်ဆိုတာကို သေချာနားမလည်သေး

သည့်အရွယ်ကပင် နတ်သမီးပုံပြင် များတွင်

ပါသော နူးညံ့တည်ငြိမ်သည့် ချစ်ခြင်းကို
Luhan နှစ်သက်သ ဘောကျခဲ့သည်။

မြင် မြင် ချင်းချစ်မိသွားခြင်းတို့၊

လက်လေးကိုင် မိလိုက် ရုံနှင့် အချစ်

ဆိုတာကို သိသွားခြင်းတို့ကို နှစ်နှစ်

ကာကာ ယုံကြည်ခဲ့သည်။

ဆယ်ကျော်သက် အရွယ်ရောက်သည့်

တိုင်အောင် ငယ်စဉ်က ယုံကြည်ခဲ့ခြင်း

များက  ပြောင်းလဲခြင်းမရှိဘဲ ရင် ထဲတွင်

အမြစ်တွယ်နေဆဲပင်။

Luhan အခု အသက် ၁၉နှစ် ရှိပြီ။

တက္ကသိုလ် ဒုတိယနှစ်ပင် ရောက်နေပြီ။

အခုထိ ချစ်သူမရှိသေး။ အလွယ်တကူ

ရသည့် ချစ်သူကို သူမလိုချင်။

သူ့ဘဝတစ်လျှောက်လုံး စိတ်ကူးယဉ်

မျှော်လင့်ခဲ့သည့် နတ်သမီးပုံပြင် များထဲကလို

သက်ဆုံးတိုင် တည်မြဲမည့် အချစ်မျိုးကို

သူ ဇွဲရှိရှိ စောင့်ဆိုင်းနေသည်။

တစ်နေ့နေ့တွင် သူ့အိပ်မက်ထဲကလို

အမှန်တကယ် ချစ် ရသူနှင့် နူးညံ့သော

ချစ်ခြင်းတို့ကို ပုံဖော်ချင် မိသည်။

            *************

Le Miracle D'Avrilحيث تعيش القصص. اكتشف الآن