Love Then Love

2K 278 21
                                    


Love then Love

~1•

"အသက်ကို မှန်မှန်ရှုမယ် ဝင်လေ ထွက်လေ
ထွက်လေ ဝင်လေ"

ကျောင်းတက်ခေါင်းလောင်းထိုးရန် ဆယ့်ငါးမိနစ်
မျှသာလိုတော့သည့်အချိန်ဖြစ်ပါသော်လည်း
ကျောင်းပေါက်ဝရောက်နေသည့် Luhan ကျောင်းထဲမဝင်နိုင်သေးပဲ ဝင်လေထွက်လေမှတ်
နေရသည်။

ကျောင်းဂိတ်ဝတွင်စောင့်နေသည့် တာဝန်ကျဆရာသည်လည်း Luhan့ကို ဗို့အား
တထောင်ပြင်းသည့်အလိုမကျမျက်လုံးဖြင့်ကြည့်
လှပြီ။

ကြည့်ဆို Luhanက ဝင်လေထွက်လေကို ရိုးရိုး
မမှတ်ပဲ ကျောင်းဂိတ်တံခါးနားမှာခေါက်တုံ့
ခေါက်ပြန်လျှောက်ရင်းမှတ်နေသကို!!

ကျောင်းတက်ရန် ငါးမိနစ်အလို ထိ Luhanတို့
မှတ်လို့ကောင်းနေတုန်းပါလေ…စကားတခွန်း
တော့ပိုလာသည်။

"ချစ်တယ် ငါနင့်ကိုချစ်တယ် မဟုတ်သေးဘူး
ကိုယ် မင်းကိုသဘောကျတယ် အင်းး ကိုယ်
မင်းကိုချစ်တယ်"

"ဟေ့ကောင်………"

"ချစ် ချစ်……တယ်…"

စိတ်မရှည်တော့သောဆရာသည်
ပခုံးကိုလာပုတ်ကာ အော်လိုက်သည့်အခါ Luhanအယောင်ယောင်အမှားမှားဖြင့် ဆရာ့မျက်နှာကိုတည့်တည့်ကြည့်လို့ ချစ်တယ်ပင်ပြောလိုက်သေး၏။

"ဟာာ ဆောရီး ဆောရီး ဆရာ ကျွန်တော် ဆရာ့ကိုပြောတာမဟုတ်ဘူး"

ပြာပြာသလဲဖြင့် အတင်းလက်ကာကာငြင်းလေ
တော့ ဆရာသည် နဂါးမျက်စောင်းအကြောင်း
သုံးပါးမရွေးပုံဖြင့် အကြိမ်ကြိမ်အခါခါမျက်စောင်း
ဝင့်သည်။

မိန်းမမဟုတ်သော ယောက်ျားဆရာ၏
မျက်စောင်းသည်အနည်းငယ် ကသိကသောက်
ဖြစ်စေသော်လည်းLuhanကြောက်သွားရပါ
့၏။

"မင်း ဒီတသက် ကျောင်းထဲရော ဝင်ဦးမှာလား"

"ဝင်မှာပေါ့ ဆရာ ဝင်မှာပေါ့ အခုဝင်ပြီနော်"

မျက်နှာကိုအစွမ်းကုန်ဖြဲ အပြုံးကိုသကာလောင်း
ရင်း Luhan ခေါင်းငုံ့ကာငုံ့ကာဖြင့် ကျောင်းဝန်း
ထဲသို့ဝင်လိုက်သည်။

ကျောင်းဝင်းထဲခြေလှမ်းစလိုက်သည်နှင့် ဂျိမ်းကနဲမြည်သွားသောတံခါးပိတ်သံကြောင့်
Luhanကျောပင်တွန့်သွားရင်း သုတ်ခြေတင်
သွားရပါတော့သည်။

Le Miracle D'AvrilWhere stories live. Discover now