🐶15🐶

8.7K 571 4
                                    

"Yeol မရဘူး​နော်​ မသွားရဘူး"

"က​လေးရယ်​ ခဏ​လေးပါဘဲ က​လေး ကလိမ္မာပါတယ်​"

"Arnyi မလိမ္မာဘူး"

"က​လေးရယ်​ ကိုယ်​စိတ်​မချမ်းသာ​အောင်​"

အခုဘာဖြစ်​​နေကြလဲဆို​တော့ ကျွန်​​တော်​ဟိုတယ်​​ရောက်​​နေတာ ဘယ်​လိုသိသွားကြမှန်းမသိတဲ့ ရှယ်​ယာရှင်​​တွေက ​ရောက်​တုန်း​ရောက်​ခိုက်​ ​နေ့လည်​စာတူတူစားချင်​သည်​ဟု ဆိုလာ​သော​ကြောင့်​ပင်​။

ကျွန်​​တော့်​မှာ ငြင်းရတာလည်းခက်​တာ​ကြောင့်​ သွားမယ်​ဟုဆုံးဖြတ်​လိုက်​​သော်​လည်း က​လေးကဂျီ​နေ​သော​ကြောင့်​ သွားရမှာ စနိုးစ​နောင့်​ရယ်။

က​လေးကို​ခေါ်သွားမည်​ဆို​သော်​လည်း မလိုက်​ချင်​ဘူးဟု ဘူးခံငြင်း​နေ​သော​ကြောင့်​ ​သေချာ​ပေါက်​လိုက်​မည်​မဟုတ်​​ပေ။

"ဘာမှန်းလဲ မသိဘူး အလုပ်​​တွေအကုန်​ပစ်​ထားခဲ့ပြီ က​လေးကိုဘဲ အချိန်​​ပေး​တော့မှာဆိုပြီး ဂတိမတည်​တဲ့လူကြီး"

"က​လေးရယ်​ ကိုယ်​ဂတိမတည်​တာမဟုတ်​ပါဘူး ကိုယ်​​ရောက်​​နေတာကိုဘယ်​လိုသိသွားကြမှန်းမသိလို့ပါကွာ ကိုယ်​လည်းက​လေးနဲ့ဘဲ အချိန်​ကုန်​ခြင်​​တာ​ပေါ့"

"အဲ့ဒါဆို မသွားနဲ့​လေ"

"က​လေးရယ်​"

ပြောရင်း ​ခေါင်းငိုက်​စိုက်​ကြသွားတဲ့သူကြီး သိတာ​ပေါ့ ဒီထမင်းစားပွဲကိုမဖြစ်​မ​နေသွားရမယ်​ဆိုတာ

သိရက်​နဲ့ဘာလို့ရစ်​​နေတာလဲဆို​တော့ ချစ်​လို့​လေ ကျွန်​​တော့်​ကိုဘယ်​​လောက်​ချစ်​လဲသိချင်​လို့ စမ်းကြည့်​တာပါ

စမ်းကြည့်​ရကျိုးနပ်​ပါတယ်​ အခုထိကိုစိတ်​ရှည်​လက်​ရှည်​နဲ့ရှင်းပြ​နေရှာတယ်

"သူဘဲ ပင်​လယ်​​ဈေးလိုက်​ပို့​ပေးမယ်​​ပြောထားပြီး"

"ကိုယ်​ပြန်​လာရင်​လိုက်​ပို့​ပေးမယ်​​လေ​နော်​"

"​တော်​ပါ သွား​တော့​လေ ​နောက်​ကျ​နေလိမ့်​မယ်​"

သိတာ​ပေါ့ ကျွန်​​တော့်​က​လေး လွှတ်​မယ်​ဆိုတာ က​လေးက ရစ်​သာရစ်​တာ ကျွန်​တော့်​အလုပ်​​တွေကို​တော့ အထိခိုက်​မခံဘူး​လေ

🐶Puppy Boo🐶Where stories live. Discover now