🐶25(Final)🐶

12.9K 619 14
                                    

"Yarr Baekhyunee"

"ခစ်​ခစ်​ ခစ်​"

"Baekhyunee ဘယ်​နားမှာလဲ ထွက်​ခဲ့​နော်"

"ခစ်​ခစ်​ ခစ်​"

"Yarr Park Baekhyun ကိုယ်​စိတ်​တိုလာပြီ​နော်​ အခုထွက်​လာ အခုထွက်​မလာဘဲကိုယ်​လိုက်​ရှာမှ ​တွေ့ရင်​ တကယ်​စိတ်​ဆိုးမှာ​နော်​"

အဲ့လိုခြိမ်း​ခြောက်​မှဘဲ ကိုယ်​​တော်​​လေးက ကုတင်​​အောက်​ကထွက်​လာ​လေရဲ့

သြော်​​Uniတက်​ဖို့ ​စောင့်​စား​နေတဲ့ကာလအတွင်း ကျွန်​​တော့်​က​လေး​လေးက ​မျောက်​ဖြစ်​သွားသလိုဘဲ

ကျောင်းပိတ်​ထားတာ၃လဘဲရှိ​သေးတယ်​ ​ဆော့လိုက်​တာဆိုတာ တစ်​အိမ်​လုံးနှံ့​နေတာဘဲ ​သူ့ဟာသူပျင်းလို့​ဆော့ပါ​စေဆိုပြီးလွှတ်​ထားတာ အခုကျ​တော့ ကြည့်​ပါဦး ကျွန်​​တော်​တစ်​ညလုံးမအိပ်​ဘဲ လုပ်​ထားတဲ့စာရင်းစာရွက်​​တွေ ​ရေချိုး​နေတဲ့အချိန်​အတွင်း ​​လေယာဉ်​​လေး​တွေဖြစ်​​နေရှာပြီ

ဘယ်​နဲ့ဗျာ ဆော့စရာရှားလို့ သူ့​ယောက်ျား တစ်​ညလုံးမအိပ်​ဘဲ ကြိုးစားပမ်းစားလုပ်​ထားတဲ့စာရင်းစာရွက်​​တွေများယူ​ဆော့ရတယ်​လို့

ဆူမယ်​ကြံရင်​လည်း ​မျက်​နှာငယ်​​လေးနဲ့လူကိုလာကြည့်​လိုက်​ မျက်​ရည်​​လေး​တွေ​ဝေ့​နေတဲ့ မျက်​လုံး​မှေး​လေး​တွေနဲ့လာကြည့်​လိုက်​ဆို​တော့ ဒီကလူက မဆူရက်​ မမာန်​ရက်

ဒီတစ်​​ခါ​တော့မရ​ဘူး ​ဆူမှဖြစ်​မယ်​ မဟုတ်​ရင်​ ဒီထက်​ပိုဆိုး​တော့မှာ

"Baekhyunee ဒါ​​တွေကဘာ​တွေလဲ"

အတတ်​နိုင်​ဆုံး ​လေသံကို​လျှော့​ပြော​တော့ ဟိုက​လေးစုတ်​ကဘာ​ပြောတယ်​ထင်​လဲ

"ဟင်​ ​​လေယာဉ်​​လေ Yeolမမြင်​ဖူးဘူးလား ကျွန်​​တော်​​ခေါက်​ထားတာ လှတယ်​မလား ဒီမှာကြည့်​ အနား​လေး​တွေကိုညီ​နေတာဘဲ"

သြော်​ ​လေယာဉ်​မမြင်​ဖူးလို့ ​မေး​နေတယ်​ထင်​​နေတာလားကွာ မျက်​လုံး​လေး​ပေကလပ်​​ပေကလပ်​နဲ့ သူ​ခေါက်​ထားတာ ဘယ်​​လောက်​​တော်​​ကြောင်း​တွေကြွား​နေတာဟာ အရင်​ကဆို ချစ်​စရာ​ကောင်းမှာ မှန်​​ပေမဲ့ အခုများက​တော့ ​ဒေါသမထွက်​ထွက်​​အောင်​စ​နေသလိုဘဲ

🐶Puppy Boo🐶Where stories live. Discover now