🐶20🐶

9.2K 598 41
                                    

"Yeol ah ဟို ဖိနပ်​​လေးလိုချင်​တယ်​"

မနက်​ဖြန်​က​လေး ​တောင်​တက်​ခရီးသွားမှာမို့ လိုအပ်​တာ​လေး​တွေဝယ်​​ပေးမယ်​ဆိုပြီး shoppingပတ်​ဖို့​ခေါ်ခဲ့တာ Park Baekတို့များဘယ်​တုန်းကတည်းကလိုချင်​တာ​တွေစ​တေးထားမှန်းကိုမသိဘူး တစ်​တိုင်​ဝင်​တစ်​ဆိုင်​သူ့အကြိုက်​​တွေ့တယ်​ အခုလည်း ဖိနပ်​တစ်​ရံ​တွေ့သွားပြန်​ပြီ

"အင်​ ဝယ်​​လေ က​လေးကလဲကိုယ့်​ကို​မေး​နေ​သေးတယ်​ က​လေးကြိုက်​တာဝယ်​ပါဆို​နေ"

"ဟာဗျာ ခဗျားကြီးကကျွန်​​တော်​ဘာဝယ်​ဝယ်​ဂရုမစိုက်​ဘူး​ပေါ့"

"အမ်​ မဟုတ်​ဘူး​လေ"

"ဘာမဟုတ်​တာလဲ ပြီးပြီး​ရော ပုံစံလုပ်​​နေတာ​လေ ဟင့်​ ဘယ်​သူက ခင်​ဗျားကို shoppingထွက်​ချင်​တယ်​လို့​ပြောလို့လဲ သူ့ဘာသာလိုက်​ပို့ပြီး လူကို ဟင့်​"

"​ဟောဗျာ မငိုနဲ့​လေ က​လေးရဲ့"

"အီးဟီးဗြဲ omma​ရေ ommaတို့သားမက်​က သားကို ပစ်​ထား​နေပြီ😭😭"

သေစမ်း လူသွားလမ်း​ပေါ် ​ခြေ​ဆင်းပြီးငို​နေတယ်​ ​ဘေးကလူ​တွေကကွက်​ကြည့်​ကွက်​ကြည့်​နဲ့

အမ​လေး ​တော်​ကြာ​Park Chanyeolတို့ က​လေးသူငယ်​အနိုင့်​ကျင့်​မှုနဲ့​ထောင်​နန်းဆန်​​နေရဦးမယ်​😱

"က​လေး ထ ထ ကိုယ်​က က​လေးကိုပစ်​ထားတာမဟုတ်​ပါဘူး က​လေးစိတ်​တိုင်းကျ ​ရွေးနိုင်​​အောင်​လို့ပါ"

"​ကျွန်​​တော့်​စိတ်​တိုင်းကျဆိုပြီး ခင်​ဗျားကြီးကဘာဆိုဘာမှမှဝင်​မ​ပြောတ အမှန်​ဆို /ဒါ​လေးက က​လေးနဲ့လိုက်​လိုက်​တာ/ /ဒီအ​ရောင်​နဲ့မလိုက်​ဘူး/ အဲ့လိုမျိုး​တွေ​ပြောရမှာမဟုတ်​ဘူးလား အခု​တော့ ဘာဖြစ်​ဖြစ်​​ခေါင်းညိမ့်​​နေတာကို ဟင့်​😢😢"

အမ​လေး လက်​စသတ်​​တော့ သူ့ကိုဘာ​ဝေဖန်​ချက်​မှမ​ပေးလို့​ကောက်​​နေတာဘဲ

"ကိုယ်​က မ​ဝေဖန်​တာမဟုတ်​ပါဘူး ကိုယ့်​က​လေး​လေးက ဘာဝတ်​ဝတ်​လိုက်​​နေ​တာကို ကိုယ်​ကဘာ​ပြောရမှာလဲ"

🐶Puppy Boo🐶Where stories live. Discover now