Fighters

1.1K 89 12
                                    

Kaichen (Yaoi)

ချစ်စရာတောသားလေးမဟုတ်တော့လို့ဆိုပြီး
fighterကြီးကို အချစ်မပေါ့လိုက်ပါနဲ့နော် :)

********        ********

တူညီတဲ့ မနက်ခင်းကို ဖြတ်သန်းဖို့ ကျနော်နိုးထလာခဲ့
တယ် ကျနော့်ဘဝကအခုဆိုအပူပင်နည်းစွာနဲ့နေနိုင်နေ
ပြီ ကြမ်းတမ်းတဲ့ အလုပ်ကို စွန့်ပစ်ပြီးနောက်ပိုင်းပေါ့
ဒါပေမဲ့ အတိုက်အခိုက်ကို အခြေခံတဲ့ လက်ဝှေ့သင်တန်း
ဖွင့်ထားတယ် ဝါသနာပါတဲ့ ကလေးတွေရယ် နွမ်းပါးလွန်း
တဲ့ ကလေးတွေအတွက်ပါ ကျနော်လည်းဒါပဲတတ်တာကိုး

အခုသူပြန်လာပြီ
ကျနော့်ဘဝက သူနဲ့တွေ့တိုင်း………

ရင်ထဲကမပါတဲ့စကားတွေနဲ့ သူ့ကိုပြောလိုက်မိတယ်

" မင်းသေသွားပြီမဟုတ်လား "

မင်းမသေပါစေနဲ့လို့ငါအကြိမ်ကြိမ်ဆုတောင်းခဲ့ရတာ

"  Kai ရငါ့ကိုသေစေချင်နေခဲ့တာလား ငါအသက်ရှင်
နေတာသိရင် မင်းဝမ်းသာနေမယ်ထင်တာ "

" မင်းအသက်ရှင်တာကို ဝမ်းသာပေးမယ့်သူ
ဘယ်သူမှမရှိဘူး Chen "

ဟုတ်တယ် တကယ့်အတိတ်ဆိုး chen သူ့ကြောင့်
အခက်ခဲဆုံးတွေပဲ ရင်ဆိုင်ခဲ့ရတယ်
နောက်ဆို အနာဂတ်ပါဆိုးလာတော့မှာ

" လက်ဝှေ့ရုံလေးက မဆိုးဘူးနော် ငါငွေနည်းနည်းလို
တယ် Kai "

" ဒါပဲမလား မင်းအတွက် ငွေလိုမှ
မင်းအတွက် တိုက်ခိုက်ပေးမဲ့သူလိုမှ
မင်းအတွက် လိုတာရှိမှ ငါ့ကိုပြေးမြင်တတ်တာ "

" ငါတကယ်ပြောနေတာပါ မင်းငါ့ကိုစိတ်ဆိုးမပြေ
သေးမှန်းသိတယ် ဒါပေမဲ့ကွာ ညီကိုတွေပဲ
နားလည်ပေးသင့်တာပေါ့ "

" ဘာညီကိုလဲ သွားးးး ငါ့အလုပ်ကိုဘယ်တော့မှ
မလာနဲ့ ကျေးဇူးပြုပြီး ငါ့ကိုကိုယ်ပိုင်ဘဝလေး
နဲ့နေပါရစေ "

ဟင့်အင်း ညီအကိုမဟုတ်ဘူး
ငါ့မှာ အကိုမရှိဘူး ငါ့မှာချစ်သူပဲရှိခဲ့တယ်

Flashback…………

နှင်းလေးတွေကျပြီး သာယာလှတောင်ကုန်းလေးပေါ့
အဲ့ပေါ်မှာ တည်ဆောက်ထားတဲ့ နှင်းဖြူ မိဘမဲ့ဂေဟာ
ရှိတယ် ကျနော်အသက်ကိုးနှစ်မှာပဲ စွန့်ပစ်ခံလိုက်ရတာ
အဲ့ဒီ့မှာပဲ ထူးဆန်းတဲ့ သူနဲ့ဆုံခဲ့ရတာပေါ့

[All Chen] One Shot collectionNơi câu chuyện tồn tại. Hãy khám phá bây giờ