ကိုကိုဘာလို့မုန်းတာလဲ

1.1K 114 24
                                    


casts_ kris & chen
(Yaoi)


ကျနော့်ဘဝလေးက သိပ်ကိုပြည့်စုံလွန်းပါတယ်

ငွေရှာကောင်းပြီး ကြင်နာတတ်တဲ့ Papa နဲ့ Mama

ကြောင့် ဘဝကပျော်ရွှင်မှုတွေနဲ့သာပြည့်နေခဲ့တယ်

တစ်သက်လုံးလည်း အချစ်တွေပေးနိုင်လိမ့်မယ်လို့

ထင်မှတ်ထားခဲ့တယ်

ဒါပေမဲ့လည်း Seoulကိုပြောင်းလာပြီး Ma

ဆုံးသွားတဲ့နေ့ကတည်းက

ကျနော့်ကိုချစ်ပေးမဲ့သူနဲ့ ကြင်နာပေးတဲ့သူ

ပျောက်ဆုံးသွားခဲ့ပါတယ် ။

" yifan သား Mamaအသစ်လာရင် ယဉ်ယဉ်ကျေးကျေး
နှုတ်ဆက်ရမယ်နော် ကြားလားသား
နေပါဦး Lizaအတွက် ပန်းချီကားဝယ်ထားတာ မချိတ်ရသေးဘူးပဲ "

အဲ့နေ့က Pa အလုပ်တွေရှုပ် ပျာယာခတ်နေခဲ့တယ်
ကျနော်က ဆယ်နှစ်အရွယ်ထိ Pa ထမင်းခွံ့ကျွေးမှစားတာ
ဒါပေမဲ့သူမေ့နေခဲ့ပြီလေ အိမ်အလှဆင်နေရင်းပေါ့

" Pa ဗိုက်ဆာတယ် "

" နေဦးသား Mama လာမှအတူတူစားရအောင်
Liza ဗိုက်ဆာနေလောက်ပြီ ထမင်းပွဲအသင့်ပြင်ထားကြ
အပူအစပ်တွေစားပွဲပေါ်တင်မထားနဲ့ ချိတ်ခိုင်းထားတဲ့
ပုံတွေရော ပြီးပြီလား ငါကိုယ်တိုင်လုပ်မှပါ "

Liza Liza သူကဘာလဲ Pa ကသူ့နာမည်
အရမ်းပြောလွန်းတယ် Mama လို့ရောဘာလို့ပြောရတာလဲ
Ma ကလွန်ခဲ့တဲ့ တစ်လထဲကမှမရှိတော့တာမလား
Pa ပဲပြောပြီးတော့

" ဟောာ... လာပြီ Liza ကိုအကုန်ထွက်ကြိုကြလေ
လာ သား ဟိုကအန်တီက Lizaတဲ့ သားက Ma လို့
ခေါ် "

" သူက Ma လိုကောင်းမှာလား "

" သူမကောင်းရင်တောင် သား ကကောင်းမှဖြစ်မယ် "

အဲ့စကားကနောက်တော့အလိုလိုသိလာရမှာပါလေ

" Liza လာအချစ် ဒါ ကိုယ့်သား Yifan တဲ့ "

Pa လည်းကြင်ကြင်နာနဲ့နမ်းပြီး နှုတ်ဆက်လိုက်ရော
Lizaဆိုတဲ့ အမျိုးသမီးက ပူနေတဲ့ ဗိုက်လေးကို
အသာပွတ်ပြီး

" ဟုတ်လား သားကလူချောပဲ Liza လည်း
သားနဲ့တူအောင်မွေးရမယ် "

[All Chen] One Shot collectionWhere stories live. Discover now