Chapter - ( 10 )

13.6K 1.1K 90
                                    

( Zawgyi )

( ˘ ³˘)♥
~~~~~~~~

စပ်​ဖျင်းဖျင်းဖြစ်​​နေတဲ့ ကျွန်​​တော့်​ တင်​ပါး သက်​သာရာသက်​သာ​ကြောင်း လက်​နဲ့အသာပွတ်​​နေမိသည်​ ။ Kim JongDae လက်​ရာ ​ဆိုပြီး ပြတိုက်​ထဲသာ ကျွန်​​တော့်​ဖင်​ကြီးကို သွားပြချင်​တော့သည်​ ။ အထဲမှာ ဘယ်​​လောက်​​တောင်​ နီရဲ​နေမလဲမသိ ။

" သားရီး ကလည်း ​ကျောင်းပထမဦးဆုံး တက်​တဲ့​နေ့​လေးမှာ အချစ်​ဆုံး သူငယ်​ချင်း​လေးကို ဝမ်းပန်းတသာ နှုတ်​ဆက်​တာ​လေးကိုကွာ "

ကျွန်​​တော်​ JongDae ကို ရိုက်​မလို လက်​ရွယ်​လိုက်​ပြီး လက်​ကိုအသာပြန်​ချကာ

" မင်း နှုတ်​ဆက်​တာက ငါ့ဖင်​ စုတ်​​တော့မယ်​ကွ "

ထိုအခါမှ သ​ကောင့်​သား Kim Jongdae က သွားသုံးဆယ့်​နှစ်​​ချောင်းလုံး ​ပေါ်​အောင်​ ရယ်​ပြ​လေသည်​ ။

" ဒါနဲ့ Kyungie ya .. ခုနက မင်း ကားအ​ကောင်းစားကြီး​ပေါ်က​နေ ဆင်းလာတာ ​တွေ့တယ်​ .. အဲ့ဒါဘယ်​သူ့ကားကြီးလဲ ? "

လို့ Baekhyun ကထ​ပြော​တော့ ကျွန်​​တော်​လန့့်​သွားတယ်​ ။

" ​အေး .. ငါလည်း အဲ့ဒါ​မေးမလို့ "

Suho ကပါ ထ​ပြော​တော့ ကျွန်​​တော်​ အကြပ်​ရိုက်​ပြီ​လေ ။ သူတို့​တွေ မ​တွေ့​လောက်​ဘူးလို့ ထင်​ထားတာကို အရာရာမျက်​စိလျင်​လွန်းတဲ့ ဒီသုံး​ယောက်​နဲ့လည်း မလွယ်​ပါဘူး ။ ဒါ​ပေမယ့်​ ​လော​လောဆယ်​ အ​ရေးကြီးတာက အမှန်​အတိုင်း ​ပြောပြရမလား မ​ပြောပြရဘူးလား ဆိုတာပင်​ ။ အခုချိန်​ မ​ပြောပြရင်​လည်း ဟိုလူကြီးက လက်​ထပ်​ဖို့အထိ စီစဉ်​ထားတာ ဆို​တော့ ​နောက်​ပိုင်းကျ သိမှာကသိမှာပဲ ။ အခုကတည်းက ​ပြောပြလိုက်​ရမလား ???

" ya !! Do KyungSoo မင်းကို စဉ်းစားခန်း ဝင်​ခိုင်း​နေတာ မဟုတ်​ဘူး .. ဘယ်​သူ့ကားလဲပဲ မေး​နေတာ "

" အင်းးး အဲ့ ဒါ ဘယ်​ ဘယ်​ သူ့ ကား လဲ ဆို ​တော့ ... "

ကျွန်​​တော့်​ နထင်​က​နေ စီးကျလာတဲ့ ​ချွေးစက်​ကို လက်​ဖမိုးနဲ့ ပွတ်​သုတ်​လိုက်​ပြီး

Adult Babe [ Completed ] (Zawgyi+Unicode)Where stories live. Discover now