Final Chapter

14.4K 1.2K 63
                                    

( Zawgyi )

( ˘ ³˘)♥
~~~~~~~~


~ At French Polynesia Faa'a International Airport ~

" Wow... နောက်ဆုံးတော့ ရောက်လာခဲ့ပြီကွ! ! "

KyungSoo တစ်ယောက် တဖြူးဖြူး တိုက်ခတ်နေတဲ့ လေတွေအကြား လက်နှစ်ဖက်ကို ဖြန့်တန်းရင်း မတိုးမကျယ်အသံနဲ့ အော်ဟစ်ပစ်လိုက်တယ် ။

" အဲ့လောက်တောင် ပျော်လား? "

နားနားကပ်ကာ ခပ်တိုးတိုးပြောတဲ့ အမေးစကားနဲ့ အတူ လက်တစ်ဖက်က KyungSoo ရဲ့ ခါးကို ရစ်ပတ်လာတယ် ။

" ပျော်တာပေါ့.. သွားချင်နေတဲ့ နေရာကို ရောက်လာတော့ ပိုပျော်တာပေါ့ "

" အဲ့ဒါဆို ဒီညအတွက်လည်း ပျော်နေတယ်ပေါ့? "

နှုတ်ခမ်းတစ်ဖက်ကို ကွေးတက်အောင် အထိပြုံးပြီး ခပ်နောက်နောက် မေးနေတဲ့ JongIn စကားကြောင့် KyungSoo နှုတ်ခမ်းကို စူပစ်ပြီး JongIn ကို မျက်စောင်းထိုး ကြည့်ကာ..

" အချိန်ပြည့် အဲ့အကြောင်းပဲ တွေးနေတယ်.. နှာဘူးကြီး 😒 ! လာ သွားမယ် "

ပြောပြောဆိုဆိုနဲ့ ကိုယ့်အထုတ်ကိုတောင် မဆွဲတော့ဘဲ ကော့တော့ကော့တော့နဲ့ သူတို့အရှေ့မှာ ရပ်ထားတဲ့ကားပေါ် တက်သွားတဲ့ KyungSoo ကိုကြည့်ပြီး JongIn ရယ်နေမိတယ် ။ ပြီးမှ အထုတ်သယ်အနေနဲ့ ဘေးမှာ KyungSoo ပစ်ချခဲ့တဲ့ အထုတ်တွေကို လာကြိုတဲ့ ကားသမား အကူအညီနဲ့ ကားပေါ်တင်ပြီး သူတို့တည်းမယ့် ဟိုတယ်ဆီ ထွက်လာခဲ့တော့သည် ။

~ Bora Bora Island in French Polynesia ~

Bora Bora Island က French Polynesia က Tahiti ရဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ သေးငယ်တဲ့ ကျွန်းလေး တစ်ခုပါ ။

အဲ့နေရာက အရမ်းလှလွန်းလို့ ကမ္ဘာပေါ်မှာရှိတဲ့ နေရာအားလုံးထက် လှတယ် လို့ပြောကြပါတယ် ။

အဲ့နေရာက အရမ်းလှလွန်းလို့ ကမ္ဘာပေါ်မှာရှိတဲ့ နေရာအားလုံးထက် လှတယ် လို့ပြောကြပါတယ် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Adult Babe [ Completed ] (Zawgyi+Unicode)Where stories live. Discover now