Epi-1

57.2K 4K 97
                                    

"မယ်မယ်ရေ...မယ်မယ်"

ကားဟွန်းတီးသံ တတီတီကြားမှ ထွက်ပေါ်လာ
သော ဝမ်းသာအားရ ခေါ်သံတစ်ခုသည် ပြင်ဦးလွင်၏ နွေရာသီစံနန်း အိမ်ဝင်းထဲပြန့်လွင့်
လာသည်။

ကောင်ငယ်လေးတစ်ယောက်သည် ခြံထဲ ကား
ဝင်သည်ကိုပင် မစောင့်နိုင် Cygnusကားပေါ်
မှ ဆင်းကာ ခြံဝင်းထဲပြေးဝင်သည်။
အမောတကော ဝမ်းသာအားရ

"ဟယ် သားရယ် ဘယ်လိုဖြစ်လာတာလဲ??"

"မယ်မယ် ကျတော်စာမေးပွဲအောင်တယ်။သိလား
မအောင်ဘူးထင်နေတာ ဒီမနက်မှကြည့်ရဲလို့"

ကောင်လေးကသာ ခုန်ပေါက်နေသော်လည်း
မယ်မယ်ကတော့ ဣနြေ္ဒထိန်းရင်း ပြုံးရုံလောက်
သာပြုံးပေမယ့် တကယ်ဝမ်းသာနေဟန်

"မယ်မယ် အကို ရော။အစ်ကို့ကို ပြောရမယ်"

"မနိုးလောက်သေးဘူး။ညကတော့၁၁ထိုး
လောက်ထိအခန်းမီးလင်းနေသေးလို့ မယ်မယ်
ဝင်ပြောရသေး"

"ဟူးးဆရာဝန်က အိပ်ရေးဝဝအိပ်ပါဆို စာအုပ်
တွေပဲ ဖတ်နေတယ်ထင်တယ်။ကျတော် သွားလိုက်မယ်"

တော်ရုံလူ ဝင်ထွက်မလုပ်ရဲသော ကိုလိုနီခေတ်
ဒီဇိုင်းပုံ အိမ်တော်ထဲ သူ့အိမ်သူ့ရာလိုပင်
ကျွန်းလှေကားထစ်များကို အထစ်ကျော်နင်းကာ သူတွေ့ချင်လှသော သူ၏ အိပ်ခန်းထဲသို့ တည့်တည့်တန်းတန်းဝင်သွားတော့၏။

"ထင်တဲ့တိုင်းပဲ..."

ခြေကိုဖွနင်းကာ ကုတင်ထက် ဘေးစောင်းလှဲ
နေသူနား တိုးကပ်လာသည်။
စာဖတ်ပြီးအလင်းရောင်ကြွင်းကျန်နေသော
အိပ်ခန်းတွင်း လှဲနေသူကို ငုံ့မိုးကြည့်မိသည်။ဝါဝင်းဝင်းအသားအရေ၊မေးရိုးထင်းထင်း၊
နက်မှောင်သော မျက်ခုံးတွေ နဲ့ သူက လူချောစာ
ရင်း မဝင်ပေမယ့် သူက မိန်းမပျိုတွေကြားရေ
ပန်းစား၏။

လက်သွယ်သွယ်ကြားညှက်ထားသောစာအုပ်ထူ
ထူ။English လိုရေးထားသော မျက်နှာဖုံးကို
မြင်တည်းက စိတ်မဝင်စားတော့။စာဖတ်ရင်းအိပ်
ပျော်သွားတယ်ဆိုပုံထောက် သူအိပ်မောကျချိန်
ဘယ်လောက်မှ ကြာသေးဟန်မရှိ။
နှိုးရကောင်းမလား မကောင်းလားထိုင်တွေဝေ
နေသည်ကပင် နာရီဝက်ကျော်ပြီ။
ကြာလာတာနဲ့ အမျှ လက်ဆစ်တွေကိုက်လာပြီ
ဆိုး၍လက်ကြားထဲမှ စာအုပ်ကို ခပ်ဖြည်းဖြည်း
ချင်းထုတ်ပေးတော့ဖြတ်ခနဲ မျက်လုံးတွေပွင့်လာပြီးငေါက်ခနဲထထိုင်သည်။
နောက်မှ မူးဝေသွားပုံရသော ခေါင်းကိုအုပ်ကိုင်
ရင်း

SOULWhere stories live. Discover now