Epi-3

25.1K 2.7K 49
                                    

ထပ်ကြားနေရပြန်ပြီ တသွင်သွင်စီးနေသော ရေ
စီးသံ။ ဒီတစ်ခါနည်းနည်းဝေးနေသလိုပဲ။
မျက်တောင်ဖျားတွေအား အလုပ်ပေးတော့
ပထမဆုံးဝင်လာသည်က မီးလင်းဖို။ ထင်းတုံးခပ်
ကြီးကြီးတွေကြားမှ ထွက်လာသော မီးတောက်
ညွန့်တွေသည် ဂါဝန်ဝတ် အင်္ဂလိပ်မလေးတွေ ဝိုင်းပတ်ကခုန်နေဟန်။ သတိပြန်လည်လာစမို့ ထင်ယောင်ထင်မှားမြင်နေတာ ဖြစ်ပါလိမ့်မည်။
အစက အသိတစ်ယောက်အိမ်ထဲရောက်နေသလို
ခံစားနေရပေမယ့် အေးစက်စက်ကြမ်းခင်းအရ
ဒါ ကျတော်နဲ့ရင်းနှီးတဲ့နေရာမဟုတ်။

သစ်လုံးအိမ်ထဲအရာအားလုံး ငြိမ်သက်လျက်။
ဖြည်းဖြည်းချင်း ထထိုင်ကြည့်တော့ အဆင်ပြေ
သည်။ဘာမှမဖြစ်ဘူးလား??ကျတော့်ကို ဒီလောက်လူတွေ ဝိုင်းထားကြပြီးမှ အော်သံစူးစူး
တစ်ခုက မီးခိုးငွေ့တွေအား မှုတ်ထုတ်လိုက်သလို
ထိုလူအုပ်ကြီးကိုပြန့်လွင့်သွားကြတာ။
သူတို့က ဘာတွေလဲ??အော်ထုတ်လိုက်တာက
ရော ဘယ်သူလဲ??ခု ဒီနေရာကို သူပဲခေါ်လာတာ
လား??

အေးစက်စက်ကြမ်းခင်းဆိုသည်မှာလည်း ကျတော်မှားနေတာ။အမှန်က နွေးဟန်ရှိ
သောဂွမ်းစောင်ကပ်အခင်း။ အနီးနားမည်သူမျှမရှိ။ သစ်လုံးအိမ်ကျဉ်း
ကျဉ်းထဲ မီးလင်းဖိုမှ မီးစာတောက်လောင်သံ
တဖြောက်ဖြောက်က လွဲ၍ အသံဆိုသည်မှာ ဘာ
လဲဟူပင် ပြန်မေးရမတတ်။
ဘယ်အချိန်တွေ ရှိပြီလဲမသိ။ ကျတော်အိမ်လေး
ထဲက ထွက်တော့ တွေ့တွင်မြင်နေရသော
စမ်းချောင်းမှ ရေစီးသံက သဘာဝဂီတသံပမာ။
ကျောက်စရစ်ကမ်းခြေပေါ်နင်းလျှောက်နေပေ
မယ့် ခြေဖဝါးမှ အရေပြားပါးလျလျတို့သည်
နာကျင်ခြင်းအလျင်းမရှိ။ မှိုင်းရီရီတောင်တန်း
ကြီးက သစ်ရိပ်တို့ကြား ငြိမ်သိမ်လျက် မြူခိုးငွေ့
တို့ ဝေနေစေသည်။
မှိုင်းထိုင်းနေသော ရာသီဥတုသည် စိတ်ကိုတော့
ဖြင့် မှိုင်းဝေမသွားစေအောင် လတ်ဆက်သော
လေထုဖြင့်လည်း ဖြေဆေးပေးနေသေး၏။
လေတစ်ချက်အသုန့် ကျတော့်ကိုယ်ပေါ်မှ အကျီ င်
အောက်နားစတို့ လေအလိုက်လူးလွင့်နေ
သွားသေး၏။တစ်ကိုယ်လုံး ပေါ့ပါးနေသည်ကိုက
နေလို့ထိုင်၍ကောင်းနေသလိုလို။

ခုကျတော်ရောက်နေတာ ဘယ်နေရာလဲ??
ကျတော့်ဆီသို့ ရောက်လာခဲ့သော
အသံရှင်သည်လည်း ဘယ်ရောက်နေသည်လဲ
ဒီသစ်လုံးအိမ် မှိန်ကုပ်ကုပ်လေးက သူ့အိမ်လား

SOULWhere stories live. Discover now