Epi-9

16K 2.3K 26
                                    

လျန်း အနားသို့တဖြည်းဖြည်းတိုးလို့
ကပ်သွားသော လူရမ်းကားငယ်သည်
ကျတော့်ကို ပူလောင်စေ၍
လျန်း ပါးပြင်ဖွေးဖွေးထက်မှ တလိမ့်လိမ့်
့်ကျဆင်းလာသော အရည်ကြည်တန်းသည်
ကျတော့်ဝိညာဉ်အား လောင်တိုက်သွင်းနေသကဲ့
သို့။ ဘာမှ ထိကိုင်ခွင့် မရှိတဲ့ ဒီဘဝကို ကျတော်
စက်ဆုပ်မိသည်။
လျန်း တစ်ယောက်လုံး ဒုက္ခတောထဲရောက်နေ
တာတောင် ယောကျာ်းတန်မဲ့ အသုံးမကျစွာ
ကျတော်ဘာမှ မလုပ်နိုင်ဘူးလား??
ပူခြစ်လာသော ဝိညာဉ်နဲ့ဆောက်တည်ရာ
မရတော့သော ခံစားမှုနဲ့အတူ ဓားမြောင်
တစ်ချောင်းကိုင်ကာ ထိုးလာသော
ထိုလူရမ်းကားအား ကျတော်ဝင်တိုးတော့၏။

အကာအရံတစ်ခုခုထဲ ရောက်သွားသလိုထင်ရ
ပြီးမှ  တစ်ခဏချင်း အခြေအနေကို
ရိပ်စားမိလိုက်သည်။ ကျတော် သူ့ခန္ဓာကိုယ်ထဲ ရောက်သွားတာပဲ။ လေးပင်မှုတစ်ခုနဲ့ ပူလောင်လောင်ခံစားချက်။ ထိန်းချုပ်မဲ့သွားသော ဒေါသတွေအားအုတ်နံရံပေါ် ခေါင်းတိုက်
သွန်ချမိသည်။

ခွပ်ခနဲ ဟူသော မြည်သံကို နီးနီးကပ်ကပ်ကြား
လိုက်ရသည်။ နံရံထက်မှာ တင်ကျန်ရစ်ခဲ့သော
သွေးနီနီသည် ကျတော့်ကို ပို၍တွန်းအားဖြစ်စေ
သည်။ နောက်တစ်ချက်...နောက်တစ်ကြိမ်
နောက်တစ်ခါ...ကျတော် အူလှိုက်သည်းလှိုက်
ကိုပျော်နေသည်။ ကျတော်ဝင်စီးထားသော အာလပေါခန္ဓာကိုယ်ကြီးအား အဖော်တွေ
ွဝိုင်းဆွဲတာသိလေ ကျတော်ပိုသွေးကြွလေ။
အဆီတဝင်းဝင်းနဲ့ မျက်နှာကြီးကို ကုတ်ခြစ်မိ
သည်။ လက်သည်းမည်းညစ်ညစ်များကြားတွင်
ချင်းချင်းနီကပ်ပါလာသော သွေးစတွေ။

ရယ်သံတွေ အပြင်ထွက်တော့ လှိုဏ်ခေါင်းထဲမှ
ထွက်လာသလို အက်တက်တက်ရယ်...
ကျတော့်နာမည်မဟုတ်သော နာမည်
တစ်ခုကို သွေးရူးတန်းရူးအော်ခေါ်လျက်
ဝိုင်းဆွဲနေသည့် အပေါင်းအပါတွေလက်ထဲမှ
ရုန်းထွက်လျက် အုတ်နံရံနဲ့ ခေါင်းနောက်တစ်
ကြိမ် မိတ်ဆက်သည်။ မရပ်ချင်တော့ဘူး။
ကျတော်ချစ်တဲ့လူကို နာကျင်အောင်လုပ်ချင်ရင်
ဒီလောက်တော့ ပြန်နာကျင်ရမယ်။ အမှန်က
နည်းတောင်နည်းနေသေးသည်။

"အစ်ကို ...တော်ပါတော့...သေ လိမ့်မယ်...
တော်ပါတော့!!"

ငိုသံပလုံးပထွေးနဲ့ တားမြစ်သံ။ မျက်ရည်နစ်အိုင်
နေသော မျက်နှာလေး။ ဒူးထောက်ပြိုလဲနေရာမှ
တဆက်ဆက် တုန်ယင်နေသော ကိုယ်ပါးပါးလေး
ကျတော် ထွေးပွေ့ပေးချင်လိုက်တာ။

SOULWhere stories live. Discover now