Prologue

1.8K 129 0
                                    

Hida-Takayama......။

သုံးနှစ်တာ ကျွန်တော် အခြေချခဲ့တဲ့ မြို့လေးကို နောက်ဆုံးအကြိမ်အဖြစ် ကျွန်တော် နေထိုင်ရာ အခန်းငယ်လေးကနေ ငုံ့ကြည့်နေမိသည်။

ဖခင်ဖြစ်သူထံ အလုပ်မလုပ်ခင် သုံးနှစ်အချိန်ပေးဖို့ တောင်းဆိုကာ လာနေခဲ့ခြင်းဖြစ်သည်။

သုံးနှစ်........ သုံးနှစ် ဆိုသော အချိန်က ဘာမှမကြာလိုက်......။

သို့ပေမဲ့ သုံးနှစ်ဆိုတဲ့ အချိန်နဲ့ ဒီမြို့လေးက ကျွန်တော် မခံစားတတ်ခဲ့တဲ့ အရာတွေကို ခံစားတတ်စေခဲ့သည်။

ကျွန်တော် အချစ်ဆိုတဲ့ အရာကို နားလည်တတ်လာခဲ့သည်။ မြတ်နိုးတတ်..... တန်ဖိုးထားတတ်ခဲ့သလို ဆုံးရှုံးခြင်းကိုလည်း ထွေးပိုက်ခဲ့ရသည်။ တမ်းတ လွမ်းမောတတ်ခဲ့သလို နောင်တကိုလည်း ရင်ထဲ တံဆိပ်ကပ်ခဲ့ရသည်။

Honey.......။

လေညှင်းလေးလို ပျောက်ကွယ်သွားတဲ့သူ.....။

လွမ်းရတယ်လေ...... Honey.......။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

A/n- plotလေးတစ်ခု ခေါင်းထဲဝင်လာလို့ပါ😄😄😄






A Bitter Sweet Dream (HIATUS)Where stories live. Discover now