Episode-1

1.2K 134 8
                                    

Oh Empire.

ဒီနာမည်ကို ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ပင်.........။
ဒါကြောင့် သိပ်ကို နာမည်ကြီးတဲ့ ကုမ္ပဏီကြီး တစ်ခုလို့တော့ မထင်လိုက်ပါနဲ့........။

ဒါပေမဲ့ နာမည်ကြီးတာတော့အမှန်ပင်......။

Oh Empire ဆိုတာ အမှောင်လောကမှာတော့ ဒိတ်ဒိတ်ကြဲဂိုဏ်းတစ်ခုဖြစ်သည်။ မူးယစ်ဆေးအစ လက်နက်ရောင်းဝယ်ရေးအထိ မှောင်ခိုဈေးကွက်ရဲ့ သုံးပုံနှစ်ပုံလောက်ကို ကြီးစိုးထားနိုင်သည်။

ဟုတ်​ပါတယ်​....... ဒီ ဂိုဏ်းကြီးရဲ့ ဆက်ခံသူကတော့ ကျွန်တော် Oh Sehun ပါပဲ........။

တကယ်တော့ ကျွန်တော်ဟာ ဘာဆက်ခံသူမှ ဖြစ်ချင်သူမဟုတ်....... ဒီလို ဂိုဏ်းတစ်ခုဆိုတော့ ပိုဆိုးသည်။ ကျွန်တော်က ဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းချင်ပေမဲ့ တစ်ဦးတည်းသော သားဖြစ်နေသည်မို့ အဖေဖြစ်သူကို စိတ်ပျက်စေချင်ပေ........။ ဒီတော့လဲ ဖခင်အလိုကျ အတိုင်းသာ။

အဖေက ကျွန်တော့်ကို ဒီလောကထဲမှာ ရှင်သန်နိုင်အောင် ငယ်ငယ်တည်းက အပြင်းအထန် လေ့ကျင့်ပေးခဲ့သည်။ ကျွန်တော် အသက်၂၀ ပြည့်တော့ အဖေက အလုပ်စလုပ်ဖို့ ပြောပေမဲ့ ကျွန်တော်က အချိန် ၃နှစ် ပေးဖို့ မရမက တောင်းဆိုခဲ့သည်။ နောက်တော့ ၃နှစ်ပြည့်တာနဲ့ ချက်ချင်းပြန်လာပါမယ်ဆိုတဲ့ ကတိနဲ့ ခွင့်ပြုပေးခဲ့သည်။

အဲ့ဒီ၃နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ကျွန်တော် Honeyနဲ့ တွေ့ရပြီး အဲ့ဒီအချိန်လေးအတွင်းမှာပဲ Honeyက ကျွန်တော့်အတွက် အလိုအပ်ဆုံး အရာ ဖြစ်လာခဲ့သည်။ ဒါပေမဲ့ ကံတရားဆိုတဲ့အရာက ကျီစားသန်လွန်းသည်။

"Honey......"

အဖြူရောင် အိပ်ယာခင်းနဲ့စောင်တွေကြားထဲ အေးချမ်းတဲ့ မျက်နှာလေးနဲ့ အိပ်ပျော်နေတဲ့ ချစ်သူကို ကျွန်တော် ညင်သာစွာ လှုပ်နိုးလိုက်တော့ ကျွန်တော့်ကို မျက်လုံးလေး တစ်ဖက်သာ ဖွင့်ကြည့်ပြီး ပြန်အိပ်ဖို့ ကြိုးစားနေပြန်သည်။

ကျွန်တော် အူယားစွာရယ်လိုက်ရင်း သူ့ခန္ဓာကိုယ်လေးကို သိမ်းကြုံးကာ ပွေ့ယူခဲ့လိုက်သည်။

A Bitter Sweet Dream (HIATUS)Where stories live. Discover now