Episode-3

1K 130 20
                                    

အညိုရောင်မျက်ဝန်းများက ခုထိ ကျွန်တော့်စိတ်ထဲ နေရာယူထားဆဲပင်.....။
ကျွန်တော် ချစ်သော နွေးထွေးတဲ့ မျက်ဝန်းညိုများ မဟုတ်ပေမဲ့...... ရင်းနှီးမှုတစ်စွန်းတစ်စကို ခံစားခဲ့ရသည်။

'Kai.....'

သူ့အကြောင်းကို ကျွန်တော် သိရမှ ဖြစ်မည်။ သူ့မျက်နှာကို ကျွန်တော် တွေ့ရမှ ဖြစ်မည်။

"Sehun!....."

Suhoရဲ့ ခေါ်သံက ကျွန်တော့်အာရုံကို မီးရောင်စုံတွေနဲ့ ကခုန်နေတဲ့ clubဆီကို ပြန်ခေါ်ခဲ့လေသည်။

ကျွန်တော့်သူ့ကို ကြည့်လိုက်တော့ Suhoက

"မင်း..... ဘာဖြစ်နေတာလဲ...... ရောက်ကတည်းက ထိုင်ပြီး ဘာတွေအတွေးလွန်နေတာလဲ....... မင်းနဲ့ မတူအောင်........"

ကျွန်တော် Suhoကို ပြန်ဖြေဖို့ ပြင်လိုက်ပေမဲ့ လူတွေကြားထဲ ဖြတ်ခနဲမြင်လိုက်တော့ အရိပ်တစ်ခုကြောင့် ကျွန်တော် ချက်ချင်း နေရာက ထထွက်လာခဲ့လိုက်သည်။

"Sehun....! Sehun......!!!"

Suhoရဲ့ ခေါ်သံကို ဂရုမစိုက်ပဲ ရောထွေးနေတဲ့ လူအုပ်ကြားထဲ အတင်းတိုးသွားနေတဲ့ လူတစ်ယောက်နောက်ကို ကျွန်တော် အမြန်လိုက်သွားမိသည်။

သူ့ကိုနောက်ကို လိုက်နေရင်း ကျွန်တော် သတိထားမိသည်မှာ သူသည်လည်း သူ့ရှေ့က သွားနေသော လူတစ်ယောက် နောက်ကို လိုက်နေခြင်း ဖြစ်သည်။

လိုက်နေရင်းပင် အနောက်ဘက် အပေါက်ကနေ club အပြင်ဘက်ကို ရောက်လာခဲ့သည်။ Clubအတွင်းနဲ့ ဘာမှမဆိုင်သလို အပြင်ဘက်မှာ လူသွားလူလာ ကင်းရှင်းနေပြီး လမ်းမီးတို့မှာလည်း မှေးမှိန်ကာ တစ်ချို့မှာ လုံးလုံးကို ပျက်နေကြသည်။

ထိုသူက ရုတ်တရက် အနောက်ကို လှည့်ကြည့်လိုက်သဖြင့် ကျွန်တော် ဘေးက လမ်းကြားကို ဝင်ပုန်းကာ အကွယ်မှ ချောင်းကြည့်နေခဲ့သည်။ အနီးအနားတွင် မည်သူမှ မရှိသည်သေချာမှ ထိုသူက ရှေ့ကသွားနေသော မူးနေဟန်ရှိသည့် လူ၏ပါးစပ်ကို ပိတ်ကာ အနီးဆုံးလမ်းကြားထဲကို ဆွဲခေါ်သွားခဲ့သည်။

အတန်ငယ်ကြာသည်အထိ ဘယ်သူမှ ပြန်မထွက်လာသောကြောင့် ကျွန်တော့်ခြေလှမ်းတို့ကို ထိုလမ်းကြားရှိရာသို့ ဦးတည်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 03, 2017 ⏰

Add this story to your Library to get notified about new parts!

A Bitter Sweet Dream (HIATUS)Where stories live. Discover now