Part 9 { နားမလည်နိုင်တဲ့သူ့အမူအရာ }

2.2K 110 29
                                    

Hyung

Part 9 { နားမလည်နိုင်တဲ့သူ့အမူအရာ }

***  Kris part ***

ကျနော်အလုပ်တွေကိုစစ်ဆေးပြီးတော့ အပေါ်သို့ပြန်တက်လာပြီးအခန်းထဲဝင်လာပြီကိုသူမသိဘူး

Yeol : ဟုတ်ကဲ့ ကျနော် MOMO ကိုချစ်တယ်

သူဖုန်းပြောနေတာကြားလိုက်တော့ ကျနော့်နှလုံးသားနာကျင်သွားသလိုခံစားရတယ် သူရည်းစားရှိပြီလို့ကြားတုန်းက နာကျင်နေပြီထင်နေတာ ခုပိုပြီးနာကျင်နေတယ်

သူချစ်တယ်လို့ပြောတဲ့သူကကျနော်ဖြစ်ချင်လိုက်တာ
ကျနော် yeol ရဲ့နှလုံးသားကိုရနိုင်မှာလား ?

သူဖုန်းချလိုက်တော့ ကျနော်တံခါးဖွင့်ပြီးပြန်ပိတ်လိုက်လာ

Kris : ဘာလို့ cake မစားတာလဲ

Yeol : ခုစားမလို့လေ

သူပြုံးရင်းနဲ့ဖြေပြီး cake ကိုစားနေလိုက်ကာ မျက်လုံးကတော့ကျနော့်ကိုကြည့်နေဆဲပါ

Kris : ဘာလို့အဲ့လောက်ကြည့်နေတာလဲ ငါ့မျက်နှာကမင်းအဖေနဲ့တူနေလို့လား

Yeol : ကျနော်အဖေအဲ့လိုမျက်နှာမျိုးဆိုရင်တော့ ကျနော်မမွေးလာတာပဲကောင်းမယ်

ကျနော်သူ့ကိုဘာမှပြန်မဖြေတော့ သူလဲ cake ကိုထိုင်စားနေတာ
ခဏကြာတော့ ....

Yeol : hyung မင်းဘာဖြစ်နေတာလဲ

Kris : ဘာဖြစ်နေတယ် လို့ထင်တာလဲ

Yeol : ငါသိရင်ငါဘာလို့မေးမှာလဲ

Kris : ငါနဲ့ချမှာလား ငါမင်းကိုကြိုက်နေပေမယ့်ငါလုပ်နိုင်တယ်နော်

Yeol : မင်းမလုပ်ရက်ပါဘူး

Kris : ငါ့စိတ်ကိုသိနေတယ်ပေါ့

ကျနော်သူ့ကိုကြည့်ပြီးပြုံးကာ ခေါင်းခါလိုက်တယ်
သူ cake ပန်းကန်ကိုစားပွဲမှာချပြီး

Yeol : ရှိသေးလား

သူစားနေတဲ့ cake ကုန်နေပြီလေ

Kris :  ရှိသေးတယ်အောက်ထပ်မှာ အဲ့လောက်အီတာကိုမင်းတအားကြိုက်တယ်ပေါ့

Yeol : စာလို့ကောင်းတယ် စားကြည့်

သူ့ဇွန်းမှာကပ်နေတဲ့ cake cream ကိုကျနော်အားလှမ်းပေးလိုက်တယ်

Hyung Where stories live. Discover now