Part 21 { အကြောက်ဆုံးနေ့ }

1.4K 118 23
                                    

Hyung

Part 21 { အကြောက်ဆုံးနေ့ }

** Yeol part **

Chen နဲ့ ဖုန်းပြောပြီးတော့ ကျနော်ရေချိုးခန်းထဲပြန်ဝင်ကာ နှုတ်ခမ်းမွေးရိတ်ကာ ကိုယ့်ကိုယ်မှန်ထဲမှာကြည့်ပြီး

Yeol : လူနဲ့တောင်မတူတော့ဘူး

နှုတ်ခမ်းမွေးမရှိတော့ပေမယ့်လည်း ကြည့်ကောင်းမလာဘူး
ကျနော် လည်းပင်းကိုကြည့်တော့ hyung ရဲ့ လက်စွပ်ကို ဆွဲကြိုးမှာထည့်ပြီး ဆွဲထားလိုက်တာ ဒီဟာလေးရှိတော့ သူကျနော့်ဘေးမှာရှိနေသလိုပဲလေ

ကိုယ့်ကိုယ်ကို လိမ်နေတာပါ တကယ်တော့လည်း တစ်ယောက်တည်းနေနေတာ

နေလည်ရောက်တော့ Chen ထမင်းလာပို့ပြီး ကျနော်နဲ့ ၁ နာရီလောက် လာနေပေးပြီးပြန်ထွက်သွားတယ်

သူပြန်သွားတော့ ကျနော်အိပ်ရာ ပေါ်မှာပဲ အိပ်နေပြီး အချိန်စောင့်နေတော့တယ်

Yeol : ဟင်း !!!

သက်ပျင်းတစ်ခေါက်ချရင် အသက်တစ်ရက်တိုတယ် ဆိုရင်တော့ ကျနော်သိပ်ပြီးနေရတော့မှာမဟုတ်ဘူး ဒီတစ်ပတ်အတွင်းမှာပဲ ကျနော်သက်ပျင်းချတာ များနေပြီလေ

ကျနော်ဒီလိုစောင့်နေရတာ မောလှပြီ

****************

Ring !!!!

ကျနော် အဝတ်လှည်းပြီး မီးဖိုချောင်ထဲမှာ တစ်ခုခုရှာစားနေတုန်း ဖုန်းသံကြားတော့ ပြန်ထွက်လာပြီး

Yeol : hello

" Chen : ရောက်ပြီလား "

Yeol : ကွန်တိုမှာပဲရှိသေးတယ် ခုထွက်သွားတော့မှာ

" Chen : အေ အေ မြန်လာခဲ့နော် Jae hyun မလာဘူး မင်းဂီတာလညာတီးပေးရမှာ "

Yeol : inm

**********

Chen : ChanYeol ဒီဘက်

သူတို့ရှိရာသို့သွားလိုက်တယ်

Lu : လာ လာဒီမှာထိုင် ... မင်းတော်တော်ပိန်သွားတယ်
တစ်နေ့ တစ်နေ့ အိပ်ကောအိပ်ရဲ့လား

Xu : inn Zompi ရုပ်ပေါက်နေပြီ

Yeol : မင်းတို့ပိုနေပြီ အရင်လိုပါ မပြောင်းလှည်းပါဘူး

Hyung Where stories live. Discover now