Part 22 { သေနေသောနှလုံးသား }

1.3K 127 8
                                    

Hyung

Part 22 { သေနေသောနှလုံးသား }

** Yeol part **

ကျောင်းကန်တင်းမှာ နေ့လယ်ထမင်းစားချိန်

Chen : Chanyeol မင်းဖုန်းကိုပဲ ကြည့်နေတာ ဘယ်သူ့ဖုန်းကိုစောင့်နေတာလဲ

Yeol : ငါ game ကစားတာ

Chen : ငါယုံပေးလိုက်မယ်

ကျနော် ဖုန်းစောင့်နေတာ ၄ / ၅ ရက်လောက်ရှိပြီး ကျနော် line messages ပို့သွားလည်း hyung ပြန်မပို့ဘူး ပြန်ပို့ဖို့မပြောနဲ့ ကျနော်ပို့ထားတာတွေကို ဖွင့်တောင်မကြည့်ပါ

အဲ့နေ့ကစပြီး ကျနော် ဆိုင်ကိုအမြဲသွားတယ် အကြောင်းပြချက်က သီချင်းသွားဆိုတာပေါ့ တကယ်တော့ hyung ကိုတွေ့ချင်လို့ပါ

နေ့တိုင်းသွားတာတောင် သူ့ကိုသိပ်မတွေ့ဘူး တွေ့တဲ့အချိန်လည်း သူကျနော့်ကို မကြည့်ဘူး

ကျနော်တောင်းထားတဲ့ ကျနော့်ရဲ့မဖြစ်စလောက်အခြေအနေလေးလည်း မရသလိုပါပဲ ခုထိသူကျနော့်ကိုမခေါ်သေးဘူး သူ့မှာတွဲစရာလူတွေများနေလို့ထင်ပါတယ်

ကျနော် ဒါတွေလုပ်နေတာက ကျနော့်သူ့ကိုအရမ်းချစ်လို့ပါ

Chen : ဘာပဲလုပ်လုပ် စဉ်းစားပြီးမှလုပ်နော်

Yeol : inn

ကျနော်သူတို့ကိုကြည့်တော့ အနောက်ဘက်လှည့်ပြီး ဘာကြည့်နေလည်းမသိ

Yeol : မင်းတို့ဘာကြည့်နေတာလဲ

သူတို့ပြန်လှည့်လာပြီး

Lu : ဘာမှမဟုတ်ဘူး မင်း ထမင်းဆက်စားနေ

ကျနော်နောက်ကိုလှည့်ကြည့်တော့

Hyung ကောင်မလေးတစ်ယောက်နဲ့ ဖက်ကာကားပေါ်သို့တက်သွားနေတာကိုမြင်လိုက်တယ်

ကျနော့် နှလုံးသား နာကျင်လိုက်တာ

Chen : မင်းအဆင်ပြေလား

Lu : Kris hyung ဘာဖြစ်လို့အဲ့လိုလုပ်တာလည်း မင်း ပိုခံစားအောင် ဒါတမင်လုပ်နေတာ

Yeol : ငါ့အတွက်ရိုးနေပြီ

Chen : ဟုတ်မှလည်းပြောနော် ... ကောင်းပါပြီး မင်းသူနဲ့မပတ်သက်တော့တာပဲကောင်းပါတယ်

Hyung Where stories live. Discover now