အပိုင်း ~ ၎

1.7K 267 55
                                    

မဖြစ်​နိုင်​တဲ့ ဇာတ်​လမ်းတစ်​ပုဒ်​ထဲ
ထပ်​ကာထပ်​ကာ လိမ်​လည်​ရင်း
နာကျင်​မှု​တွေကို ​မေ့ပစ်​ရ​အောင်


~~~~~~~~~~~~~~~


" Jongdae !! Jongin
Lee Sanwoo တို့အဖွဲ့နဲ့ ရန်​ဖြစ်​​နေတယ်​ "

" ဘာ !!!!!!! "

အခုတ​လော Kim Jongin တို့ငြိမ်​​နေပါတယ်
မှတ်​တယ်​ ~~~

ချီးကျူးလို့ မဆုံး​သေးဘူး ~~

ပြသာနာအကြီးကြီးရှာလိုက်​တာပါလား ~~

ကျောင်း​ဘောလုံးကွင်းထဲ ဝိုင်းပြီး သြဘာ​ပေး​နေ
ကြသည့်​ လူအုပ်​စုကိုမနည်းတိုး​ဝှေ့
ဖြတ်​​ကျော်​ပြီးချိန်​ ~~

အများနဲ့ တစ်​ယောက်​ လူမမျှသည့်​ ရန်​ပွဲက
ဘယ်​လိုမှကြည့်​ရက်​စရာမရှိ ~~

" Kim Jongin !!!!! "

တစ်​မျက်​နှာလုံးဖူး​ယောင်ေ​နရုံသာမက
နှုတ်​ခမ်း​ထောင့်​ကပါ ​သွေးထွက်​​နေပုံအရ
Jongin ဤလူစုကို ဘယ်​​​လောက်​များ
တင်းခံထားလဲမသိ ~~

" ​တော်​ကြစမ်း ~~ မင်းတို့အခု မရပ်​ရင်
ရဲစခန်းဖုန်းဆက်​ပြီး တစ်​ညအိပ်​ခိုင်းလိုက်
ရမလား "

အမှန်​တကယ်​ပင်​ ဖုန်း​ခေါ်ရန်​ပြင်​​နေသည့်
ကျ​နော်​​ကြောင့်​ Lee Sanwoo တို့အဖွဲ့
လက်​သီးတကဲကဲနဲ့ ကြိတ်​မနိုင်​ခဲမရ ဖြစ်​ကာ
Jongin ကို မိုက်​ကြည့်​ကြည့်​ပြီး ထွက်​သွား
လေသည်

တစ်​ဖြည်းဖြည်း လူချဲသွား​သော ​ဘောလုံးကွင်းထဲ
သူနှင့်​ကျ​နော်​ နှစ်​ဦးတည်းသာ ကျန်​ရစ်​ခဲ့သည်

" ဒီတစ်​ခါ​ရော သူကဝင်​တိုက်​လို့ လက်​ပါကြ
တာလား ?? "

Kim Jongin ဖြစ်​လိုက်​တဲ့ရန်​ပွဲတိုင်း
အ​ကြောင်းအရင်း ​ရေ​ရေရာရာမရှိ

သူကဝင်​တိုက်​လို့ ကိုယ်​ကဝင်​တိုက်​မိလို့
သူ့ကို မိုက်​ကြည့်​ကြည့်​သွားလို့
ရန်​​စောင်​သွားလို့ ~~

စသည်​ ~~

စသည်​ ဖြင့်​ ~~

အ​သေးအဖွဲကအစ ရန်​ရှာချင်​​နေ​သော
Kim Jongin ကို ကျ​နော်​ ​တော်​​တော်
စိတ်​ပျက်​မိသည်

|| Sweet Lies ||Where stories live. Discover now