အပိုင်း ~ ၁၈

1.3K 190 46
                                    

" ငါ့ကို လွှတ်​ဦး Jongin !!! "

သူ့ရင်​ခွင်​ကျယ်​ထဲ မြှပ်​ဝင်​မတက်​ ဖက်​ထား​သော
လက်​ကို ရိုက်​ချရင်း စိတ်​တိုတိုနဲ့ ​အော်​မိ​တော့
စပ်ြ​ဖဲဖြဲနဲ့ မျက်​နှာက ပိုဆိုးလာတဲ့အပြင်
လမ်းမအလယ်​ တစ်​ဟားဟား​အော်​ရယ်​​နေ​သော
Kim Jongin ကို ဖြတ်​သွားဖြတ်​လာ 
ကျောင်းသားအများစုက လူစားထိုးခံလိုက်​ရပြီ
လားဟူ​သော သံသယ​တွေဖြင့်​ ဝိုင်းကြည့်​သွား
ကြ​လေသည်

" ငါရူးများသွားပြီလား Jongdae ~~ "

လခွမ်း ~~

Kim Jongin တကယ်​ဘဲ စိတ်​​ကော
မှန်​​သေးရဲ့လားမသိ ~~

" Jongin မင်း​ဆေးရုံ​ကို သွားပြသင့်​ပြီ​နော်​ "

အရင်​ကဆိုလျှင်​ ထိုသို့​သော နှိပ်​ကွက်​သည့်
စကားမျိုး ကျ​နော်​ဆီက ထွက်​လာလျှင်​ ​​ကျိန်​ဆဲ
တက်​​သောသူက အင်​မတိအင်​မတန်​မှ
ကြွေကျချင်​စရာ​ကောင်း​သော အပြုံးနှင့်​အတူ
ကျ​နော့်​အား စိုက်​ကြည့်​​နေသည်​ကို​တော့
တော်​​တော်​​လေး နားလည်​ရခက်​သည်

အခုရက်​ပိုင်းအတွင်း Kim Jingin
မဟုတ်​​တော့သည့်​အတိုင်း ~~

" ​သေချာတယ်​ Jongdae ~~
ငါရူး​နေပြီ ~~ မင်းကိုချစ်​လွန်းလို့​လေ ~~ "

" Shit !!! Kim Jongin ရယ်
မင်းအ​ပေါက်​​လေး ​ပိတ်​ထားစမ်းပါ "

ဒုတိယအကြိမ်​ နားဆင်​ခွင့်​ရ​သော ထိုစကား
သည်​ ကျ​နော့်​နှလုံးအား ​မောပန်းလာတဲ့အထိ
ခုန်​လှုပ်​​စေ​နိုင်​စွမ်း ရှိ​သေးသည်

" ငါ​လေ မင်းရဲ့ ​ယောကျာ်းဆန်​တဲ့ ရှက်​ရွံ့မှု​ကို
အရမ်းမြတ်​နိုးတယ်​ ~~ ကြိုက်​လွန်းလို့
သေ​တော့မှာဘဲ "

ထူးထူးခြားခြား ​ပြောင်းလဲမှုမရှိသည့်​ ကျ​နော့်​၏
အ​နေခက်​မှုက သူ့ကို ဤမျှ​လောက်​ သက်​​ရောက်
နိုင်​မှန်း ကျ​နော်​မသိခဲ့

သူ့အချစ်​ကို ဖွင့်​ပြ​လေတိုင်း မျက်​နှာလွှဲကာ
Jongin အကြည့်​စူးစူးမှ ​ရှောင်​ဖယ်​ရုံက
လွဲ၍ မည်​သည့်​ နူးညံ့မှုကိုမှ မပြခဲ့

|| Sweet Lies ||Where stories live. Discover now