အပိုင်း ~ ၁၉

1.3K 174 27
                                    

မှန်​​ပေါ်တွင်​ ထင်​ဟပ်​​နေ​သော မိမိပုံရိပ်​ကို
ကြည့်​ရင်း ပြုံးလိုက်​မိသည်​ကို​တော့ အမှန်​အတိုင်း
ဝန်​ခံရမည်

" တကယ့်​ကို ​ခွေး​ပေါက်​​လေး ~~ "

လည်​ပင်းညှပ်​ရိုးနားတွင်​ ​သွေးစို့​နေဆဲဖြစ်​​သော
အ​ပေါက်​ရာနှစ်​ခုက အနည်းငယ်​နာကျင်​သ
ယောင်​ရှိ​သော်​လည်း ~~
ဖုံးဖိမရ​သော ကြည်​နူးစိတ်​က​လေးကလည်း
အတိုင်းထက်​အလွန်​ပင်​ ~~~

" Jongin ထွက်​လာ​တော့​လေ ~~
ရေချိုးတာကြာ​နေပြီ အ​အေးပတ်​ဦးမယ်​ ~~~ "

Kim Jongdae ဟူ​သောထိုလူသားသည်​သာ
ကျ​နော့်​ဘဝတွင်​ ရှိ​နေ​သေးသ​ရွေ့ အခြား
မည်​သည့်​အရာကိုမှ ​တောင်းတလိမ့်​မည်​မဟုတ်

မည်​သည့်​အရာကိုမှလည်း လိုချင်​​နေမည်
မဟုတ်​ ~~

" Jongin ​ရေ ~~ "

ရေပန်းကိုပိတ်​ကာ ​ရေချိုးခန်းထဲမဝင်​ခင်
သူကမ်း​ပေး​လိုက်​သော တဘက်​အဖြူ နှင့်
ခန္ဓာကိုယ်​​အောက်​ပိုင်းအား ပတ်​ပြီး သူမသိခင်
ကျ​နော်​ခိုးယူခဲ့သည့်​ သူအသုံးပြု​နေကျ
မျက်​နှာသုတ်​ပဝါပန်း​ရောင်​ကို ပခုံး​ပေါ်
တင်​လိုက်​​တော့ အလွတ်​ကျက်​မိ​သော
သူ၏ရနံ့က နှာ​ခေါင်းဝဆီ တိုးဝင်​လာသည်

" ငါမင်းကို လိုချင်​လွန်းလို့ ရူး​တော့မယ်
Jongdae "

တစ်​ဖန်​ပူ​လောင်​လာ​သော အ​တွင်းစိတ်​ကို
ရေပန်းအား ဒုတိယအကြိမ်​ ပြန်​ဖွင့်​ပြီး
သက်​သာလို သက်​သာငြား မလှုပ်​မရှက်
အစိုခံမိသည်

" Jongin ​​ရေထပ်​ဖွင့်​လိုက်​တာလား
ဘာဖြစ်​လို့လဲ ???? Jongin
ငါ့ကိုတစ်​ခုခုပြန်​​ဖြေဦး !!!! "

လော့ချထား​သော တံခါးကို အသားကုန်​ထုရင်း
တ​ကြော်​​ကြော်​ ​အော်​​ခေါ်​နေ​သော သူ့အား
အားနာမိ​ပေမဲ့ အခုအချိန်​သာ သူ့ကို
မြင်​မိရင်​ အထိန်းအကွပ်​မဲ့သွားမည့်
ထိုဆာ​လောင်​မှုထဲတွင်​ ရုန်းထွက်​ရလိမ့်​မည်
မဟုတ်​​တော့​ချေ ~~~

" ဘာမှမဖြစ်​ဘူး Jongdae ~~~
ငါ့ကိုသဘက်​အပိုသာ ကမ်း​ပေး "

အနည်းငယ်​ဟလိုက်​​သော တံခါးကြားထဲမှ
လက်​ထုတ်​ပြီး အလိုရှိရာ​တောင်း​တော့
သက်​ပြင်းချသံသဲ့သဲ့နှင့်​အတူ လက်​ထဲ​ရောက်
လာ​သော ညအိပ်​ဝတ်​စုံအပြင်​ အတွင်းခံကအစ
အ​သေးစိတ်​ဂရုစိုက်​​ပေးလွန်း​သော
အကြင်​သူအား ပိုမြတ်​နိုးမိသည်

|| Sweet Lies ||Where stories live. Discover now