98 7 0
                                    

မင်းက ငါ့အတွက် ဝဋ်ကြွေးပဲ
မင်းနဲ့ပတ်သတ်ရင် ငါက စောက်ရူးပဲ ကလေး ...
ရှေ့ဆက်တိုးရင် ပျော်ရမလား ဝမ်းနည်းကြေကွဲရမလား သိသိရက်နဲ့ နောက်မဆုတ်ဘူး မဟုတ်ဘူး နောက်ကိုပြန်မသွားနိုင်တော့တာ မင်းကိုမချစ်ခဲ့မသိခဲ့တဲ့နေ့ရက်တွေဆီ ပြန်မသွားနိုင်တော့တာ
မင်းဆိုတာ ငါ့အတွက် ဝဋ်နာကံနာဆန်တယ် ... ဒါပေမယ့် ပျော်တယ် မင်းကိုမြင်နေရရင် ကိုယ်ပျော်တယ် စိတ်က မချစ်တော့ဘူး မေ့ပစ်လိုက်မယ်လို့ပြောရင်း နှလုံးသားက ပိုပိုလို့ချစ်လာတယ် ...
အချစ်တိုင်းဟာ လှပတဲ့ဇာတ်သိမ်းပဲရှိတဲ့ပုံပြင်တွေမဟုတ်ဘူး
မင်းမသိတဲ့ မင်းကိုကိုယ်ချစ်တဲ့အချစ်က ဘယ်တော့မှ ဇာတ်သိမ်းလှမှာမဟုတ်ဘူး
မင်းတောင် တစ်သက်လုံးသိလိုက်မှာမဟုတ်ဘူး
စောက်ရမ်းချစ်ပါတယ်ဆိုတဲ့ အကြောင်းကို မင်းသိအောင်ပြောပြချင်တယ်
အချစ်ဆိုတာ သိအောင်ပြောပြဖို့မလိုဘူးလို့သတ်မှတ်ထားတဲ့ထဲ ကိုယ်မပါဘူး အခါအခွင့်ကြုံတဲ့အခါ မျက်နှာကိုတည့်တည့်ကြည့်ပြီး "နင့်ကို ငါအရမ်းချစ်တာဟဲ့ " ဆိုပြီး ငိုရင်းအော်ပြောပစ်မယ်လို့ မကြာခဏစိတ်ကူးယဉ်ဖူးတယ်... ထုထည်ကြီးမားတဲ့အချစ်တွေကို မင်းမသိလိုက်ဘဲ ဒီတိုင်းဝမ်းနည်းကြေကွဲရင်းပြီးဆုံးမသွားစေချင်ဘူး မတန်ဘူး ကိုယ်သာ ချစ်ခြင်းတရားဆို အတော်ကိုခံပြင်းမိလိမ့်မယ် ...
သိပ်ချစ်ရတဲ့အကြောင်းတွေကို ရေထဲမျောပစ်ချင်တယ် လေထဲလွှင့်ပစ်ချင်တယ် တစ်စွန်းတစဖြစ်ဖြစ် မင်းထိတွေ့ခံစားသိလိုသိငြား

ဘာလို့ ငါ့ဘဝထဲဝင်လာတာလဲ ဘာလို့ငါ့ရဲ့ပျော်ရွှင်တက်ကြွလန်းဆန်းနေတဲ့ နေ့ရက်တွေထဲ သိမ်ငယ်စိတ်တွေ ကြောက်စိတ်တွေ ဝမ်းနည်းစိတ်တွေသယ်လာခဲ့တာလဲဆိုပြီး တတွတ်​တွတ်​ မေးရင်းကပဲ ငါ့ဘဝထဲဝင်လာခဲ့လို့ နေ့ရက်တွေကို လှပတဲ့ memory တွေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ရေရွတ်မိတယ် ... ဘယ်လောက်စောက်ရူးဆန်လိုက်တုန်း ပြောစမ်း ကလေး 🌚
ကိုယ့်ဘဝနဲ့ကိုယ်သွားတဲ့အခါ ကိုယ်က ဘယ်လိုအင်အားနဲ့ရပ်တည်ရမတုန်း မင်းပြောလိုက်စမ်း ...
ချစ်တတ်အောင်ပဲသင်ပေးခဲ့တာ မင်းဘက်က တရားလွန်တယ် နောက်ဆက်တွဲဖြစ်ကျန်ခဲ့တဲ့ ကိုယ့်ဘက်ကပြဿ
နာတွေကို မင်းထည့်တွေးပေးခဲ့သင့်တယ် မင်းမရှိဘဲရပ်တည်နိုင်အောင်ပါ သင်ပေးခဲ့သင့်တယ်
ခုတော့ အနာဂတ်ကိုတွေးပူလို့ ကိုယ့်မှာ ဆိုက်ကိုတွေဖောက်ရတယ် :')
မင်းက ကိုယ့်ဘဝထဲကို ခွင့်မတောင်းဘဲ ဝင်လာတယ် ... အလာတုန်းကလိုပဲ ခွင့်မတောင်းဘဲပြန်ထွက်သွားမှာကို ကြောက်တယ် 💔

အမှန်တော့ မင်းမမှားပါဘူး ကိုယ်ပဲမှားတာ ~

မုန်းတယ်လို့အော်ပစ်မယ် ... မဟုတ်ဘူး တကယ်က အရမ်းချစ်တာပါဟယ် :')

ကြယ်ရေ အေး အဲဒီ့  မိုးနဲ့မြေလို ဝေးကွာလွန်းနေတာကြီးကိုလည်း စောက်မြင်ကပ်တယ်ကွယ် :')

I wanna flyWhere stories live. Discover now