ဝမ်းနည်းရပ်ဝန်း

426 25 4
                                    


အရည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံနဲ့
ကောင်းကင်ပေါ် မော့ကြည့်မိတဲ့အခါ
မိုးသားအပြည့်မှုန်မှိုင်းနေတဲ့ တိမ်ထုက
ပြိုကျလာမလို ဟန်ပြင်ကာ
ကိုယ့်ကိုလှောင်ရယ်နေကြတယ်။

ပြက္ခဒိန်ပေါ်က အနီရောင်ထင်းနေတဲ့
ရက်စွဲတစ်ခုက ကိုယ့်ရင်ထဲက
ဝမ်းနည်းမှုကို မီးစာဖြည့်ခဲ့ကြတယ်။

မတိကျသည့် အကြောင်းတရားတွေ
ကိုထည့်သွင်းနှစ်မြှပ်ထားတဲ့
သတင်းတစ်ပုဒ်က ကိုယ့်နှလုံးသားကို
သွေးစိမ်းရှင်ရှင်ထွက်အောင်
ခွဲနေကြတယ်။

ရေအိုင်ထဲက လမင်းကြီးကို
လိုချင်လို့ ပူဆာနေတဲ့ကလေးလို
သူ့ကိုယ်စား ဝမ်းနည်းကြောင်း
သဝဏ်လွှာပါး လိုက်ပါတယ်။

#To SNSD

ဒါလေးကတော့ အခုဖြစ်နေတဲ့
ကျွန်တော့်ရင်ထဲက ခံစားချက်
ကဗျာလေးတစ်ပုဒ်ပါ။

♒Sblvz♒

Different piece in One worldWhere stories live. Discover now