အိပ်မက်သစ်တစ်ပုဒ်

239 23 2
                                    


စကားပေါင်းများစွာပြောခဲ့ပေမဲ့

ဆွံ့အခဲ့ရတာပဲ........

ဝေးကွာသွားတိုင်း

အတိတ်ကိုပြန်သတိရလို့

ဒဏ်ရာတစ်ခုအသစ်ပြန်ဖြစ်တိုင်း

တစ်ယောက်လက်

တစ်ယောက်အမြဲတွဲဖို့

စိတ်ကူးခဲ့ကြပေမဲ့

အခုတော့ နာရီလက်တံတွေထဲ

တိတ်ဆိတ်ကာ အမှောင်ကျနေတဲ့

ညဆီမှာ

တစ်ဝဲလည်လည်

ငါဆိုတာ အခုတော့

အိပ်မက်သစ်တွေ

ဖန်တီးနိုင်မယ့်

စိတ္တဇအလွန်

နေ့သစ်တွေကို

မျှော်လင့်နေရပြန်ပေါ့......။

#To SNSD

ဒီကဗျာလေးကိုတော့ ကိုယ့်ရင်ထဲက
အခုလက်ရှိဖြစ်နေတဲ့ အကြောင်းအရာ
ကိုလိုက်ပြီး feel နိုင်ပါတယ်။
ကျွန်တော်ကတော့ SONE
တစ်ယောက်အနေနဲ့ရေးထားတာပါ။

♒Sblvz♒

Different piece in One worldWhere stories live. Discover now