December

69 5 0
                                    


နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့အတွက်
ဒီဇင်ဘာလဖွားတွေနဲ့သက်ဆိုင်တဲ့
အကြောင်းအနည်းငယ်ကိုဖော်ပြပေး
လိုက်ပါတယ်။




December မှာမွေးတဲ့သူတွေဟာ
ပျော်ပျော်နေတတ်တယ်၊ ကြင်နာတတ်
တယ်၊ ရည်မှန်းချက်လည်းကြီးတဲ့သူတွေ
ဖြစ်ပါတယ်။ ပြဿနာတွေကြုံတွေ့လာ
ရင်လည်းအကောင်းဆုံးကျော်လွှားနိုင်
ကြတဲ့သူတွေဟာ ဒီဇင်ဘာလမှာမွေးဖွား
ကြပါတယ်။

ဒီဇင်ဘာလမှာမွေးဖွားတဲ့သူတွေရဲ့
ရာသီခွင်ကတော့ ဓနုရာသီ( Sagittariu)
ဖြစ်ပြီး ဒီဇင်ဘာ ၂၁ နောက်ပိုင်းမွေးဖွား
တဲ့သူတွေကတော့ မကရရာသီ
(Capricorn) မှာကျရောက်ပါတယ်။

ယေဘုယျအားဖြင့်ဆိုရင် ဒီဇင်ဘာလမှာ
မွေးတဲ့သူတွေဟာ ပျော်ပျော်နေတတ်တဲ့
သူတွေဖြစ်တာကြောင့် သူတို့မှာမိတ်ဆွေ
သူငယ်ချင်းပေါများပြီး လူအများစုရဲ့အား
ကျခြင်းကိုခံရကြပါတယ်။ သူတို့ဟာ
ရိုးသားပြီး ယုံကြည်နိုင်တဲ့သူတွေဖြစ်ကြ
သည့်အလျောက် ဟန်မဆောင်တတ်ဘဲ
ဖော်ရွှေတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ လွယ်လွယ်ကူကူဒေါသထွက်
တတ်တဲ့သူတွေလည်းဖြစ်ကြပါသေး
တယ်။

ဒီဇင်ဘာဖွားတွေဟာ စွန့်စားလိုစိတ်ရှိပြီး
မိမိကိုယ်ကိုယုံကြည်တဲ့သူတွေဖြစ်ပါ
တယ်။ တစ်ခါတစ်ရံ မှာတော့ကိုယ့်ကိုယ်
ကိုယုံကြည်စိတ်လွန်ကဲနေတတ်တယ်။

မြင့်မြတ်တဲ့စိတ်ထားရှိပြီးဒဿနဆန်ဆန် တွေးခေါ်တတ်ကြခြင်းကြောင့် ဒီဇင်ဘာ
ဖွားတွေဟာ ဥပဒေနဲ့သက်ဆိုင်တဲ့
နယ်ပယ်၊ လူမှုဆက်ဆံရေး၊ ဘာသာစကား တွေနဲ့ပတ်သက်တဲ့နေရာ
မှာကောင်းကောင်းအသက်မွေးဝမ်း
ကြောင်းပြုနိုင်ကြပါတယ်။

ဒီဇင်ဘာဖွားတွေဟာ ဟာသဉာဏ်ထက်
မြတ်ကြပြီး သူတို့ကိုတားဆီးချုပ်ခြယ်ခြင်း
ကိုမနှစ်သက်ကြဘူး။ သူတို့ဟာယုံကြည်
စိတ်လွန်ကဲကြခြင်းကြောင့် မာနကြီးတဲ့သူ
တွေလည်းဖြစ်ကြသည်။

လူအများနဲ့ဆွေးနွေးရတာကိုနှစ်သက်ပြီး
ကိုယ့်ကိုယ်ကိုလည်း ဗဟုသုတတွေနဲ့
ပြည့်နေအောင်ပြင်ဆင်တတ်ကြတာမလို့
သူတို့ဟာတကယ်ကို ဆရာ ဆရာမ
ကောင်းတွေလည်းဖြစ်သေးတယ်။

Different piece in One worldWhere stories live. Discover now