Part 5 ❤

10.5K 881 13
                                    

"Baek ah သက်​သာရဲ့လားဟင်​"

သာယာလှပသော မနက်ခင်းလေးကို
ဝိုးတဝါးအတွေးစများဖြင့်စတင်လိုက်စဉ်
စိတ်ပူနေသော အသံ တောင်းပန်လျှိုကြိုးနေသော မျက်နှာထားဖြင့် သူငယ်ချင်းဖြစ်သူအား တွေ့မိလိုက်ရာ
ဝိုးတဝါးဖြစ်နေသော အတွေးစတချို့က ကြည်လင်လာခဲ့ပြီ ကျွန်တော် မနေ့က လောကကြီးကို ခဏတာမေ့သွားခဲ့တာပဲ

"သက်​သာသွားပါပြီကွာ
မင်းကလဲအရမ်းစိတ်​ပူတက်​တာပဲ
မင်းညက မအိပ်​ဘဲငါ့ကို​စောင့်​​နေတာမလား"

"မင်း​နေမ​ကောင်း​နေတာကို သိသိရက်နဲ့
ငါက စိတ်​သက်​သက်​သာသာ အိပ်​ရမလားကွ"

"​အေးပါ ​ကျေးဇူးတင်​ပါတယ်​"

"ဒါနဲ့ မင်းငါ့ကိုစိတ်​ဆိုး​နေ​သေးလားဟင်​"

မပွင့်တပွင့်ဖြင့် မေးနေသော Luhan၏ စကားသံထဲတွင် နောင်တများနှင့် တောင်းပန်သံများ ပါဝင်ရောနှောနေသည်။

"မဆိုး​တော့ပါဘူးကွာ
ဒီကိစ္စမှာ မင်းမမှားပါဘူး
ငါကသာ ငါ့စိတ်​ကိုမထိန်းချုပ်​နိုင်​လို့
ခုလိုဖြစ်​သွားတာ​လေ"

"​ကျေးဇူးပါ baek ah
ငါက မင်းစိတ်​ဆိုးရင်​ မ​နေတက်​လို့ပါ
နောက်​ကိုငါအဲ့လိုစကား​တွေမ​ပြောဖြစ်​​အောင်
ဆင်​ခြင်​ပါ့မယ်​"

"​အေးပါကွာ ​သြော်
ဒါနဲ့ luhan ငါ့ကို အ​ဆောင်​ပြန်​​ခေါ်လာတာ
ဘယ်​သူလဲ"

မနေ့ကအိပ်ပျော်မသွားခင်လေး ,
အသိစိတ်ကပ်နေချိန်လေးမှာ
ကြားလိုက်ရသည့်အသံမှာ Luhan အသံမဟုတ်ပဲ
မိမိအားပွေ့ချီလာသူမှာလဲ Luhan မဖြစ်တန်ရာ ..
အားအင်ပြည့်ဝပြီး အရပ်အမောင်းမြင့်မားသူ
ဟု ထင်မြင်ယူဆမိတာကြောင့်
သိချင်ဇောဖြင့် မေးလိုက်မိသည်။

"ဟင်​..မင်းမှတ်​မိဘူးလား"

"အင်း ... ငါအသံပဲကြားတယ်
လူမမြင်​ရဘူး ငါအရမ်းအိပ်​ချင်​​နေတာ
မျက်​လုံး​တွေကဖွင့်​လို့​တောင်​မရဘူး​လေ"

"Aww ဒီတိုင်း...ငါတို့အ​ဆောင်​က
သူငယ်​ချင်းတ​ယောက်​ပါ
မင်းကိုပန်းခြံထဲမှာ​​မေ့လဲသွားတယ်​ထင်​ပြီး
မင်းအခန်းထိလိုက်​ပို့​ပေးတာ"

အ​ချေ​ကောင်​​ပေါက်​စအားချစ်​မိခြင်း [ Completed ]Where stories live. Discover now