Part 19 ❤

6.8K 736 26
                                    

Seoul ကပြန်လာတည်းက
Channu ရဲ့ ပုံစံတွေတမျိုးပြောင်းနေတယ်
အရင်က ကျတော်နားမှာ မျှော့ လိုကပ်နေတဲ့
Channu က အခုတော့ ကျတော်မရှိရင်လဲ
နေနိုင်နေတဲ့ပုံစံမျိုးပဲ ..

အဖြစ်အပျက်တွေပြန်စဉ်းစားကြည့်လိုက်တော့လဲ
ကျတော်သူ့အပေါ်ဘာအမှားမှမလုပ်ထားဘူး

သူ့ Appa နဲ့ ပြဿနာတက်လို့ ကျတော့်ကိုခုလိုရှောင်နေတာလား
ဆိုတော့လဲမဟုတ်ဘူး
ဘာလို့ဆို အဲ့ဒီနေ့က သူ့ appa နဲ့ ကျတော် စကားစမြည်တောင်ပြောဖြစ်ပြီး အရာရာအဆင်ပြေခဲ့တာပဲလေ

သူဘာဖြစ်နေလို့ ကျတော့်အပေါ် စိမ်းကားသွားရတာလဲ

" Channu ah ထမင်းသွားစားရအောင်လေ "

" ကိုယ်စားပြီးပြီမို့.... "

" ဩော် ... အာ့ဆို Baekku သွားစားတော့မယ်နော် "

ကျတော့်ကို စကားလေးတောင် ပြန်မပြောတော့ဘူး
အရင်ကဆို ကျတော် ထမင်းစားတာကစပြီး စိတ်ပူတက်တဲ့သူက ခုတော့ ကျတော်မပါပဲ တစ်ယောက်တည်း ထမင်းစားတက်နေပြီပဲ

" YA! ခွေးပေါက် ဘာဖြစ်နေတာလဲ
လဒမှိုင် မှိုင်နေတယ် "

" Han ah မစနဲ့ကွာ... "

" ဘာဖြစ်နေတာလဲ "

" Chann..Chanyeol ကလေ ငါ့အပေါ် တမျိုးကြီးဖြစ်နေတယ် သူပြောင်းလဲနေတယ် "

" ဘယ်လိုတွေပြောင်းလဲနေလို့လဲ
သူကမင်းကိုအရမ်းချစ်တာကို "

" အင်း ဒါပေမယ့် ငါသံသယဝင်မိတယ်
.
.
ငါ့ကို..သူ...မ..မ..ချစ်..အင့်..တော့ဘူးး လို့
အီးးးးဟီးးးးးဟီးးးးးး
Han ah ဘယ်လိုလုပ်မလဲဟေ
ငါ့ကိုစိတ်ကုန်သွားတာလား
ငါသူ့အပေါ်အများကြီး မဆိုးမိပါဘူးကွာ "

" ပြော...ပြော...ခု ဘယ်လိုတွေ
ပြောင်းလဲလာလို့လဲ "

"Seoul ကပြန်လာတည်းက
ငါ့အနားမကပ်တော့ဘူး
အမြဲတမ်း စာကြည့်စားပွဲမှာထိုင်ပြီးသီချင်းပဲရေးနေတယ်
ပြီးတော့...ငါ့ကိုပြောတယ်
သူအလုပ်လုပ်နေရင် ဝင်မရှုပ်နဲ့တဲ့
ပြီးတော့ ထမင်းစားတာလဲငါ့ကိုမစောင့်ဘူး
အတန်းထဲကိုလိုက်ပို့ဖို့နေနေသာသာ ကျောင်းသွားရင်တောင် ငါ့ကိုမစောင့်တော့ဘူး "

အ​ချေ​ကောင်​​ပေါက်​စအားချစ်​မိခြင်း [ Completed ]Where stories live. Discover now