Part 6 ❤

8.6K 784 7
                                    


မ​နေ့ကတစ်​​နေကုန်​နားခဲ့ရပြီး သူင်းချင်းနဲ့လည်း
ပြန်လည်အဆင်ပြေသွားပြီမို့လို့ ဒီ​နေ့​တော့
လန်းလန်းဆန်းဆန်းနဲ့ ​ကျောင်းတက်​ရလေသည်။

ကျောင်း နှင့်သင်​ခန်းစာ ကို အရမ်းသံ​ယောဇဉ်​ရှိလွန်းတဲ့
ကျွန်တော်​က​တော့ မ​နေ့ကတစ်​နေ့တည်း
အတန်းမတက်​ရတာကို စာသင်​ခန်းကြီးနဲ့
တစ်​နှစ်​တာ​ဝေး​နေရသလို​တောင်​ခံစားရပြီး စာသင်ခန်းကြီးကို လွမ်းဆွတ်နေသည်။

" Baek ah ထမင်းသွားစားရ​အောင်​.."

စာသင်ခန်းထဲ အရင်မဝင်သေးပဲ Canteen ကိုသာ
တာဆူနေသည့် Luhan သည် အစားကြမ်းပိုးလေးသာ ဖြစ်သည်။

" Omm...Omm လာပြီ Han ah.."

Fire Alarm...💥💥📢📢

ထမင်းစားဖို့အတွက်​ canteen ကိုသွားဖို့ပြင်​​ဆင်နေစဉ်
ထွက်ပေါ်လာသော မီးအချက်ပြ alarm သံကြောင့်
ကျောင်းသားအားလုံး နေစရာနေရာမရှိအောင်
လန့်ဖြန့်သွားကြသည်။ ဖြစ်စဉ်မှာ ကျ​တော်​တို့
အ​ဆောင်​၏ ညာဘက်​အစွန်​ဆုံးအ​ဆောင်
မီး​လောင်​​နေတာဖြစ်သည်။

ကျောင်းသား​များ ဆူညံပွက်​​လော​တွေရိုက်​နေပြီး
အဝတ်ထုတ်လေးတွေ စာအုပ်လေးတွေပိုက်လို့
အခန်းပြင်​ကိုထွက်​​ပြေးလာတဲ့သူ​တွေ
မီးသတ်​ဋ္ဌာနကိုဖုန်းဆက်​ကြတယ့်​သူ​တွေ
တက်​နိုင်​သ​လောက်​ ​မီးငြှိမ်း​နေကြတဲ့သူ​တွေ နှင့်
မိမိတို့အ​ဆောင်​တခုလုံး ဆူညံ​နေပုံကို မှိုင်တွေတွေကြီး
ထိုင်ကြည့်နေမိသည်။

" Baek ah လာ ကူညီဦး​လေကွာ ...
ဘာ​ကိုကြောင်​ ကြည့်​​နေတာလဲ..."

Luhan သတိပေးမှသာလျှင် အလုပ်ရှုပ်နေကြသော
လူများကြားထဲ မိမိတစ်ယောက်တည်း တည်ငြိမ်စွာဖြင့် ကြောင်တောင်တောင် ငုတ်တုတ်ထိုင်နေသည် ကို သတိထားမိသွားသည်။

" Aww....​အေး...​အေး..လာပြီ
ငါဘာကူ​ညီပေးရမလဲ​ဟေ.."

"အထုတ်​​တွေကူသယ်​​ပေးလိုက်​​လေ"

"ဟို​လေ ကျ​တော်
ဘာကူသယ်​​ပေးရဦးမလဲဟင်​..?"

အကူအညီပေးရန် အထုပ် ကူသယ်ပေးရန်
စိတ်ရှိနေသော်လည်း မည်သည့်လူတစ်ဦးတစ်​ယောက်​မှ
မိမိအား အာရုံမစိုက်​နိုင်​ကြပေ။
အကုန်​လုံး သူတို့အလုပ်​နဲ့သူတို့ ရှုပ်​​နေကြတာကြောင့်
ကျွ​န်တော်​လဲပေ​စောင်း​စောင်းနဲ့တစ်​ယောက်​​ယောက်​များ
ကျ​တော့်​အကူအညီလိုမလားလို့ လိုက်​ကြည့်​​နေမိသည်။

အ​ချေ​ကောင်​​ပေါက်​စအားချစ်​မိခြင်း [ Completed ]Where stories live. Discover now