တနင်္ဂနွေမနက်ခင်းက မိုးတဖွဲဖွဲကျလျက်ရှိကာ
အေးစိမ့်စိမ့်နှင့် နေလို့ကောင်းသည်မို့kyung sooသဘောကျနေမိရဲ့
ခပ်ဖွဲဖွဲမိုးရေစက်တွေကြားထဲ~~~
လမ်းလျှောက်လိုသည်ကြောင့်
အမဲရောင်ဆွယ်တာလက်ရှည်ကို အသာယူ
ဝတ်၍ ကိုင်းထီးအမဲလေးကို ကိုင်ဆွဲကာ
အပြင်သို့ထွက်ရန်ပြင်လိုက်၏။
" kyunggieဘယ်လဲသား"
ထိုစဉ် ဟင်းချက်နေရင်းမှ ထွက်လာဟန်
တူသော မေမေက ဇွန်းခွက်တစ်ခုကို
ကိုင်ထားလျက်မှ လှမ်းမေးလာသည်ကြောင့်
Kyung sooလဲ မျက်မှန်ကို ဟန်ပါပါ
ပင့်တင်ကာ ရယ်ပြလိုက်လေသည်။
"ဒီနားခနလမ်းလျှောက်မလို့မေမေ မကြာစေရဘူးလေနော်"
"စာလုပ်ပြီးပြီလား? "
"ပြီးပြီလေမေမေရ မနက်က
အစောကြီး စာထလုပ်တယ်ဟာကို"
Kyung sooတစ်ယောက် ဆူပုပ်ပုပ်
ရုပ်ကလေးနှင့် စာလုပ်ပြီးကြောင်း
ရှင်းပြနေပုံက အလိုမကျစွာ...
ဟိုနားဒီနားသွားတာတောင် ခွင့်ပြုချင်ပုံ မရသည့်မိခင်ကြောင့် စိတ်ကောက်ချင်ပုံ
ရသည်လေ
ဒါကိုသိသောkyung sooမိခင်က
သားဖြစ်သူနား အသာသွား၍
ပါးဖောင်းဖောင်းလေးကို လိမ်ဆွဲကာ
ခပ်ဖွဖွထိနမ်းပြီး အချော့စခန်း
ဖွင့်ရတော့လေရဲ့
"Aigooမေမေ့သားလေး စာလုပ်ပြီးတာ သိသားဘဲ ဒီတိုင်းမေးကြည့်ရုံပါကွယ်
အခုအပြင်သွားမလို့မလား သွားလေ မိုးနဲနဲသည်းလာရင်တော့ ပြန်လာခဲ့ မိုးမိပြီး
ဖျားမှာဆိုးလို့"
"ဟုတ်မေမေ သွားလိုက်ပါအုံးမယ်"
မိခင်၏ခွင့်ပြုချက်ရသည်နှင့်kyung sooလဲအမြန်ပြေးထွက်လာလိုက်တော့
နောက်ပါးဆီမှ မေမေ၏ 'ချော်လဲမယ်'ဆိုသည့်
သတိပေးသံက ကပ်ပါလာသေးရဲ့
CZYTASZ
Our Relationship is......
Fanfiction#kaisoo #chanbaek #hunhan💞 #sweet drama #romance sense💕 #kaisoo is fucking real💗 #chanbaek is more than real💗 #hunhan is more than real💗
