Kim jong inတစ်ယောက် သူ၏မွေးနေ့၌
Kyung sooမေမေက မီယောဂုကျွေးချင်တယ်
လို့ဖိတ်၍ မနက်စောစောထဲကkyung sooအိမ်
ကိုရောက်နေသည်လေ။
ထမင်းစားပွဲအပြည့် ဟင်းလျာတွေရယ်က
Jong inမွေးနေ့မို့ တကူးတကချက်ထားပေးတာသိရတော့ ကြည်နူးမှုကအတိုင်းမသိဖြစ်တည်၏။
ဘယ်လိုပြောရမလဲ မတော်ရသေးတဲ့ ယောက္ခမမေမေက သိပ်ဂရုစိုက်ပေးလို့များလား
အရင်နှစ်ကမွေးနေ့တွေထက် ပိုပျော်နေရတာ။
" jongလေး အများကြီးစားနော်ကလေး
အန်တီမိုးမလင်းခင်ထဲက သေချာချက်ပြုတ်ပေးထားတာတွေ
ဒီနေ့ကသားမွေးနေ့ဆိုလို့ မီယောဂုလဲ
ပြင်ပေးထားတယ် အာ့ကြောင့် များများစားရမယ်နော် "
" ဟုတ် ကျေးဇူးတင်ပါတယ်
ကျွန်တော် ကောင်းကောင်းစားပါ့မယ် "
Jong inရောက်ထဲက အခုထိ kyung sooကို
အရိပ်အယောင်မျှတောင်မတွေ့ရသေးတာ။
အိမ်မှာများမရှိလို့လားလို့ ထင်မိရသည်အထိပင်
" အန်တီ kyungရော သူ့ကိုမမြင်မိသေးဘူး
အိမ်မှာ မရှိတာလား "
" ရှိတယ်သားရဲ့ kyunggieလေးက သူ့ဖေဖေအခန်းထဲရောက်နေတာ
အန်တီတို့ ဘူဆန်ယူသွားမဲ့ ပစ္စည်းတွေကို
သေချာထုတ်ပေးနေတာလေ ခနနေ သူတို့သားအဖဆင်းလာလိမ့်မယ် "
" arrဟုတ် "
Kyung sooရှိတယ်ဆိုတော့မှ သက်ပြင်းကို မသိမသာချလိုက်ရင်း မျက်စိရှေ့ကဟင်းပွဲတွေကိုအရသာခံစားနေလိုက်မိသည့်jong inရယ်ပါ။
စိတ်ထင်kyung sooများရှိမနေတာလားလို့
တွေးပူနေသည်ကိုး။
ထိုခန အပေါ်ထပ်မှkyung sooပုခုံးကို
ဖက်ကာဆင်းလာသူက kyung sooအမေနား
လာရပ်ရင်း သူ့အားတစ်ချက်မျှကြည့်ပြီး...
" chargiအားလုံးပြီးပြီ သွားကြမယ်လေ
Arrr ဒါ မင်းပြောတဲ့ကလေးလား "
YOU ARE READING
Our Relationship is......
Fanfiction#kaisoo #chanbaek #hunhan💞 #sweet drama #romance sense💕 #kaisoo is fucking real💗 #chanbaek is more than real💗 #hunhan is more than real💗
