*Ti Ti..Tii *
စားပွဲပေါ်က နာရီလေးကတော့ သူ့တာဝန်သူ
ကျေပွန်စွာ ထမ်းဆောင်နေသည့်အလား
တတီတီအော်မြည်နေသည်မှာမရပ်။
အိပ်ယာပေါ်ရှိကောင်လေးနှစ်ယောက်သည်လဲ
အိပ်မက်ကမ္ဘာထဲ လည်ကောင်းဆဲထင့်
ဒီလောက် တတီတီနှိုးစက်သံကြားတောင်
တုပ်တုပ်မျှလှုပ်မလာသေး~~~
*Tiiii Ti Tiii…*
kyung sooနားထဲတတီတီသံက အမြင်ကပ်ဖို့ကောင်းစွာ ကြားနေရသည်ကြောင့်
စိတ်ထဲအလိုမကျစွာကျိန်ဆဲလိုက်၏။
မျက်စိဖွင့်ဖို့ကိုစိတ်မပါစွာ မှိတ်မြဲတိုင်းနှင့်
နာရီရှိရာ လက်လှမ်းယူပြီး alarmသံပိတ်ကာ
ခေါင်းအုံးဘေးနား အသာ မှောက်ထားလိုက်တော့၏။
Aishhခုမှ နားငြီးသက်သာတော့တယ်!
ဒါတောင် မျက်နှာထက် ခပ်သဲ့သဲ့ ကျရောက်နေတဲ့ နေရောင်ကြောင့်
စိတ်ကအလိုမကျဖြစ်ချင်လာသေးတာ။
ညက kyung sooတစ်ယောက်
လိုက်ကာ ပိတ်ဖို့မေ့သွားတာမို့
ကိုယ့်အပြစ်နဲ့ကိုယ် အောင့်သက်သက်နှင့် ကြိတ်မှိတ်အိပ်နေခြင်းဖြစ်၏။
တော်တော်ကြာသည်ထိ အိပ်ပျော်အောင်ကြိုးစားနေတာ မရတော့
မျက်စိအသာဖွင့်လိုက်၏။
လင်းထင်းနေသည့်အခန်းက နေအတော်မြင့်နေပြီဖြစ်ကြောင်းပြနေသည်မို့
အိပ်ယာကထသင့်ပြီဟုထင်သည်လေ။
ထို့ကြောင့် အိပ်ရေးမဝချင်ဖြစ်နေသည့် မျက်လုံးတို့ကိုလက်နှင့်အသာပွတ်လို့
ထထိုင်ရန်ပြင်တော့~~
Ekk!!ထလို့လဲမရဘူး><
အဲ ခုမှသတိထားမိတယ် kyung sooခါးမှာ လေးပင်မှုတစ်ခု…
ဘာလဲလို့ လှမ်းငုံ့ကြည့်တော့ kyung sooခါးသေးသေးလေးကို ဖက်တွယ်ထားသည့်
လက်တစ်ဖက်~~
အတိအကျပြောရရင် kyung sooရဲ့နောက်ပါးဆီက လူကဖက်ထားတာ~~
Kim jong in!!!
ခေါင်းကိုနောက်ဘက်အသာငဲ့စောင်းကြည့်မိပြီး
တော့shock!!!
ညကKim jong inကြီးနဲ့ တစ်ကုတင်ထဲ အိပ်တာဆိုပေမဲ့ သေချာပေါက် ခေါင်းအုံးနဲ့
စည်းခြားခဲ့တာရယ်။
ဘယ်ကဘယ်လို ခေါင်းအုံးကြီးကပျောက်ပြီး
kyung sooက kim jong inကြီးရင်ခွင်ထဲ
မြုပ်နေရတာလား?
Aishhhဖက်ထားတာကလဲ မြဲလိုက်တာ
ဖယ်လို့တောင်မရဘူး><
YOU ARE READING
Our Relationship is......
Fanfiction#kaisoo #chanbaek #hunhan💞 #sweet drama #romance sense💕 #kaisoo is fucking real💗 #chanbaek is more than real💗 #hunhan is more than real💗
