[♥]]] [♦]]] [♣]]] [♠]]]

7.7K 692 71
                                    

Kyungsoo ပုစ္ဆာတွေလေ့ကျင့်နေရင်း
ဗလာစာအုပ်ပေါ်မှာ ပေါ်,ပေါ်လာတဲ့ ကိုကို့မျက်နှာကိုလည်း
မစဉ်းစားမိအောင်ထိန်းနေရသည်

အခုလိုဖြစ်အောင်လုပ်သွားတဲ့ တရားခံကိုကို ကို
"မုန်းစရာကြီးလို့ ရေရွတ်ရင်း စာအုပ်မျက်နှာပြင်ပေါ်က ကိုကို့ကို မျက်စောင်းထိုးလိုက်သည်

~~~~~~~~~~~~~
မနက် အိမ်ရာထတော့ ကျယ်ပြန့်ပြီးနွေးထွေးလှတဲ့ ရင်ခွင်ကျယ်တစ်ခုထဲ Kyungsooရောက်နေသည်

ကြယ်သီးအနည်းငယ်ပြုတ်နေသည့် ကိုကို့ရင်အုံက Kyungsooက ရင်ခုန်သံတွေထိန်းမရစေခဲ့ ကိုကို့ကိုလှမ်းကြည့်တော့ အိပ်မောကြနေတုန်း

Kyungsoo မသိသာအောင် ကိုကို့ရင်အုံကို နှုတ်ခမ်းလေးဖြင့် ခပ်ဖွဖွခိုးနမ်းလိုက်သည်
ခပ်ပျံ့ပျံ့ ကိုယ်သင်းနံ့လေးက Kyungsooနှလုံးသားထဲအထိ စွဲထင်စေသည်

တစ်ခါခိုးနမ်းပြီးတော့ Kyungsooရှက်နေရပေမယ့်
ဒီတစ်ခါ နောက်ဆုံးဆိုကာ
နောက်ထပ်တစ်ကြိမ်ခိုးနမ်းဖို့ကြိုးစားမိပြန်ရော
မျက်လုံးလေးကိုမှိတ်လို့ ကိုကို့ရင်ခွင်ဆီတိုးကပ်သွားပေမယ့်
ထိတွေ့မလာတာကြောင့် Kyungsooမျက်လုံးပြန်ဖွင့်ကြည့်တော့
ပြုံးပြီးငုံ့ကြည့်နေတဲ့ကိုကိုရယ်လေ

ရှက်လိုက်တာဆိုတာ ဖက်ထားတဲ့ကိုကို့ကိုဖယ်ကာ ကုတင်ပေါ်ကထပြေးမို့ပြင်တော့

"နေပါဦး ဘေဘီရဲ့"
ပြောရင်းအပေါ်က အုပ်မိုးလိုက်တဲ့ကိုကိုကြောင့် Kyungsoo ကိုယ်ကိုတတ်နိုင်သမျှကျုံထားရသည်

"ခုဏက ဘာလုပ်နေတာလဲ ပြောပါဦး"

ဒီကိုကို သိရဲ့သားနဲ့ တမင်မေးနေတာ><

"ဟို..ဟိုလေ ကိုကို့ဆီက အနံ့လေးက မွှေး..မွှေးလို့"

"အဲ့တာနဲ့ ခိုးနမ်းတယ်ပေါ့ ဟုတ်လား"
မျက်မှောင်ကျုံ့ရင်း မေးလိုက်တဲ့ ကိုကို့ကြောင့်
Kyungsooလန့်သွားရတယ်
အခွင့်ရေးပေးတာနဲ့ အရယူတယ်လို့များ ကိုကိုထင်မှတ်သွားလေမလား .....

"တောင်း..တောင်းပန်ပါတယ် ဘေဘီကလေ ဒီအတိုင်း နမ်း..နမ်းမိတာပါ"

"မရဘူး အပြစ်ပေးရမယ်"

"Nae.."

"မျက်လုံးမှိတ်ထား "

AGONYWhere stories live. Discover now